စက်တင်ဘာ ၇ ရက် ၂၀၂၅

အမေရိကန်က အိမ်ဈေးတွေ မိုးပျံနေတာကို ကိုင်တွယ်ဖို့အတွက် လာမယ့် ဆောင်းဦးရာသီထဲမှာ သမ္မတထရမ့်က National Housing Emergency ကြေငြာကောင်း ကြေငြာလိမ့်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောသွားပါတယ်။ အဲဒီလို ကြေငြာလိုက်ရင် အိမ်သစ် ဆောက်တာတွေနဲ့ ပတ်သက်တဲ့ တင်းကြပ်တဲ့ ဥပဒေတွေကိုလျော့ချ၊ building code တွေကို တနိုင်ငံလုံးအတွက် standardize လုပ်ပြီး အိမ်ဆောက်ရာမှာ လိုအပ်တဲ့ သစ်၊ စတီး စတာတွေကို မြန်မြန် လွယ်လွယ် ရအောင် ပြုလုပ်ပေးခြင်းဖြင့် ဈေးချိုချိုနဲ့ အိမ်များများ ဆောက်နိုင်ဖို့အပါအဝင် တခြားလိုအပ်တာတွေပါ လုပ်ဆောင်သွားနိုင်စေဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ၉/၃နေ့က တရုပ်နိုင်ငံသား ၂၂ဦးနဲ့ အမေရိကန် ၃ဦးကို အမေရိကန်ကို ဦးတည်တဲ့ နိုင်ငံတကာ မူးယစ် မှောင်ခိုမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။Continue reading “စက်တင်ဘာ ၇ ရက် ၂၀၂၅”

စက်တင်ဘာ ၅ရက် ၂၀၂၅

ဒီကနေ့ သမ္မတထရမ့်က အရင်ကြိုပြောထားတဲ့အတိုင်း ၁၉၄၉ တုန်းက ပြောင်းလဲခေါ်ဝေါ်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို မူလနာမည်ဖြစ်တဲ့ စစ်ရေးဝန်ကြီးဌာနလို့ ပြန်ပြောင်းခဲ့ပါတယ်။ ကာကွယ်တာက ခံစစ်သဘောဖြစ်တော့ အားပျော့ပြီး အနိုင်တိုက်မယ့်ထိုးစစ်သဘောကို ဆောင်ဖို့ စစ်ရေးဝန်ကြီးဌာနလို့ ပြောင်းလိုက်တာ ဖြစ်ပါတယ်။ သေနတ်ကိုင်ဆောင်/ပိုင်ဆိုင်မှု အတင်းကျပ်ဆုံးမြို့ကြီးတခုဖြစ်တဲ့ ရှီကာဂိုမြို့မှာ ပြီးခဲ့တဲ့ လေဘာဒေး ပိတ်ရက် ၃ရက်အတွင်း သေနတ်ပစ်မှုကြောင့် လူ၉ဦး သေဆုံးပြီး လူ၅၀ ဒဏ်ရာရရှိခဲ့ပါတယ်။ သမ္မတထရမ့်က သွေးထွက်သံယိုတွေလျော့နည်းဖို့ ကူညီပေးမယ်လို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် အီလီနွိုင်းဂါဗာနာ ပရစ်ဇ်ကာက ငါတို့လည်း ရာဇဝတ်မှုတွေ ဟန့်တားဖို့ ကြိုးစားနေတာမှာ အောင်မြင်နေပါတယ်၊ ဘာမှအရေးပေါ်အခြေအနေမရှိပါဘူး၊ မြို့ကြီးတွေမှာ ရာဇဝတ်မှုတွေကတော့ များမှာပဲလေ၊ အဲဒါကို ထရမ့်က အကြပ်အတည်းလုပ်ပစ်ချင်နေတာလို့ တုန့်ပြန်ပါတယ်။ မြို့ကောင်စီဝင်တွေနဲ့ မြို့နေလူထုက သမ္မတရဲ့ အကူအညီကို လိုချင်ကြလို့Continue reading “စက်တင်ဘာ ၅ရက် ၂၀၂၅”

စက်တင်ဘာ ၂ရက် ၂၀၂၅

ဒီကနေ့ သမ္မတထရမ့်က နေ့လည် ၂နာရီမှာ အိမ်ဖြူတော် ဘဲဥပုံသမ္မတရုံးခန်းကနေ ကြေငြာချက် ထုတ်မယ်ဆိုတာ ညနက်တော့မှ ကြေငြာထားတဲ့အတွက် မီဒီညာက သို့လော သို့လောတွေ တွက်ဆ နေကြပါတယ်။ ပြီးခဲ့တဲ့ လေဘာဒေးပိက်ရက်တွေမှာ ထရမ့်ကို ကင်မရာတွေရှေ့ မတွေ့နေရလို့ ကြွသွားပြီဆိုတဲ့ ကောလဟလတွေ လွှင့်သူကလွှင့်၊​ ထရမ့်မရှိရင် သတင်းမရှိလို့ လုပ်စားမရတဲ့အတွက် လွမ်းဖျားလွမ်းနာကျသူကကျပေါ့လေ။​ ကောလဟလတွေ ပြန့်လာလို့ မြေးမလေး ခိုင်နဲ့ ဂေါက်ရိုက်က ပြန်လာတဲ့ ဗီဒီယိုအတိုလေးတောင် တင်ရတဲ့အထိပါပဲ။ ကနေ့လုပ်တဲ့ကြေငြာချက်က ကာကွယ်ရေး (စစ်ရေး)ဝန်ကြီးဌာနနဲ့ ပတ်သက်တာပါ။ ပထမသက်တမ်းတုန်းက ထရမ့်ညွှန်ကြားချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ အာကာသတပ် (စပေ့စ်ဖို့စ်) ကို ဘိုင်ဒန်လက်ထက်က ကိုလိုရာဒိုမှာ ဌာနချုပ်ဖွင့်ခဲ့ပါတယ်။ ကိုလိုရာဒိုက စာတိုက်မဲကို ၁၀၀% အဓမ္မလုပ်ထားတဲ့ ပြည်နယ်ဖြစ်တော့ တက်လာသမျှလူတွေကလည်း ခြတွေပဲContinue reading “စက်တင်ဘာ ၂ရက် ၂၀၂၅”

ဩဂုတ် ၃၁ရက် ၂၀၂၅

၂၀၂၁ကစလို့ အမေရိကန်က အပြာပြည်နယ်တွေမှာ နိုင်ငံသားမဟုတ်တဲ့ တရားမဝင်နေထိုင်သူတွေ၊ အထောက်အထား မရှိသူ ၂.၅သန်းကနေ ၃သန်းအထိ ယာဥ်မောင်းလိုင်စင် ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ ကားကြီးမောင်း လိုင်စင်ကို ထုတ်ပေးထားတဲ့ထဲမှာလည်း တရားမဝင်နေထိုင်သူ ၁သိန်း – ၁သိန်းခွဲလောက်ရှိပါတယ်။ မကြာသေးခင်ကမှ ဖလော်ရီဒါမှာ ဖြစ်ခဲ့တဲ့ လူ၃ဦးသေဆုံးခဲ့တဲ့ ယာဥ်တိုက်မှုမှာ မောင်းတဲ့ တရားမဝင် နေထိုင်သူအိန္ဒိယသားဟာ Florida turnpike လို လမ်းမကြီးမှာ တရားမဝင် ဂငယ်ကွေ့ကွေ့ခဲ့ရာက ဖြစ်သွားတာပါ။ သူဝင်တိုက်ခဲ့တဲ့သူတွေကို ကားပေါ်က ဆင်းကြည့်ခဲ့တာ၊ ၉၁၁ ခေါ်ပေးတာတွေ မရှိခဲ့ပဲ ယာဥ်တိုက်မှုပြီးနောက်တရက်မှာ အဲဒီလူက သူတို့လိုလူတွေကို ဖျင်မထားတဲ့ ကာလီဖိုးနီးယားကို ပြန်ပြေးသွားလို့ ဖလော်ရီဒါရဲတွေက ကာလီဖိုးနီးယားအထိ သွားဖမ်းခဲ့ရပါတယ်။။ မီဒီညာက အဲဒီလူ အင်္ဂလိပ်စကားတတ်ကြောင်း ဖာပေမယ့် စစ်ဆေးကြည့်တဲ့အခါမှာ အင်္ဂလိပ်စာContinue reading “ဩဂုတ် ၃၁ရက် ၂၀၂၅”

ဩဂုတ် ၂၈ ရက် ၂၀၂၅

ဘုရားကျောင်းမှာ ဆုတောင်းဝတ်ပြုနေတဲ့ ကလေး၂ဦး သေဆုံးပြီး ၁၈ဦး ဒဏ်ရာရရှိခဲ့တဲ့ မင်နီယား ပူးလိစ် ကက်သလစ်ကျောင်း သေနတ်ပစ်မှုမှာ ပစ်ခတ်သူက ရောဘင်(ရောဘတ်)ဝက်စ်မန်ဆိုတဲ့ လိင်ပြောင်း ဖြစ်ပါတယ်။ ဘိုင်ဒန်လက်ထက် ဇော်မဲလုံးမမတိုင်ခင် ပြန်ဝန်လုပ်ခဲ့ပြီး လက်ရှိ အမ်အက်စ်အန်ဘီစီမှာ လုပ်နေတဲ့ ဂျန်ဆာကီက သေဆုံး/ ဒဏ်ရာရတဲ့ ကလေးတွေနဲ့ မိသားစုတွေ အတွက် ဆုတောင်းပေးကြ တာကို ဆုတောင်းတာ ဘာလုပ်ရမှာလဲ၊ ဆုတောင်းလို့ သူတို့တွေ ပြန်ရှင်မလာဘူး၊ ကျန်တဲ့သူတွေလဲ ပိုလုံခြုံမသွားဘူးလို့ X မှာရေးသွားပါတယ်။ ရှေ့လျောက် ဒီထက် လုံခြုံလာအောင်လဲလုပ်ရင် ဆုတောင်းလို့မရဘူးလို့များ သတ်မှတ်ချက်ရှိလို့လား။ လက်ဝဲတွေကတော့ ပစ်ခတ်မှုဖြစ်တိုင်း သေနတ်ကိုပဲ ရမယ်ရှာပြီး သိမ်းစေချင်ကြသလို လိင်ပြောင်းတွေ လူမည်းတွေ ကျူးလွန်တိုင်း ထရမ့်အစိုးရက ဖိနှိပ်လို့ပါဆိုပြီး မဆီရယ်တဲ့ မဆိုင်တာတွေနဲ့ ကလင်ဒါကျContinue reading “ဩဂုတ် ၂၈ ရက် ၂၀၂၅”

ဩဂုတ် ၂၂ရက် ၂၀၂၅

ဒီတပတ်ကတော့ သမ္မတထရမ့်အတွက် ကောင်းခြင်းအဖြာဖြာ ပြည့်ဝတဲ့ ရက်တွေပါပဲ။​ နယူးယောက်အေဂျီ လတီရှာဂျိမ်းစ်က မရှိတဲ့အမှုကို ကလိန်စေ့ငြမ်းဆင် ဆပွားပြီး အတင်းပြစ်ဒဏ် ချစေကာ ဒဏ်ကြေး သန်း၅၀၀ ဆောင်ခိုင်းခဲ့တာကို အယူခံရုံးက ပယ်ချလိုက်ပါတယ်။ ဆင်ဖမ်းမယ် ကျားဖမ်းမယ်အော်ပြီး တက်လာတဲ့ ကနေဒါဝန်ကြီးချုပ်ကလည်း အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ မြန်မြန် ပြန်စနိုင်ဖို့ မျှော်လင့်ချက်နဲ့ အမေရိကန်အပေါ် တန်ပြန်စည်းကြပ်ထားတဲ့ လက်စားချေတားရစ်ဖ် အများစုကို တဖက်သတ် ပယ်ဖျက်ပေးလိုက်ပါတယ်။ ဖက်ဒရယ်ရီဆာ့ဖ်ဥက္ကဋ္ဌ ဂျရုမ်းပေါင်းဝဲလ်က ထရမ့်အကြိမ်ကြိမ်တိုက်တွန်းနေတဲ့ အတိုးနှုန်းချဖို့ လုပ်ပေးတော့မယ်လို့ ဆိုတဲ့အတွက် စတော့မားကက် ဆောင့်တက်သွားခဲ့ပါတယ်။ အင်တဲလ်ကုမ္ပဏီကလည်း ကုမ္ပဏီရဲ့ ၁၀% ကို အမေရိကန်ပြည်ထောင်စုက အပြည့်အဝ ပိုင်ဆိုင်တယ်လို့ ကြေငြာချက် ထုတ်ပြန်ပေးလိုက်ပါပြီ။ စီအီးအို လစ်ဘူတန်ကို တရုပ်နဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွဲချက်နဲ့ ထရမ့်ကContinue reading “ဩဂုတ် ၂၂ရက် ၂၀၂၅”

ဩဂုတ် ၁၈ ရက် ၂၀၂၅

သမ္မတထရမ့်က ဇယ်လင်းစကီးအနေနဲ့ စစ်ကို ရပ်ချင်ရင် ချက်ချင်းရပ်အောင် လုပ်လို့ရတယ်၊ ဆက်တိုက်မယ်ဆိုလည်း ဆက်တိုက်လို့ရတာပဲ။ ဒီစစ်ဘယ်လို စခဲ့တာကိုတော့ မမေ့ပါနဲ့။ စစ်တကယ် ရပ်ချင်ရင် လွန်ခဲ့တဲ့ ၁၂နှစ် အိုဘမလက်ထက်တုန်းက သေနတ်တချက် မဖောက်ရပဲ သိမ်းသွားခဲ့တဲ့ ခရိုင်းမီးယားကို ယူကရိန်းထံ ပြန်ပေးဖို့နဲ့ နေတိုးထဲဝင်ခွင့်ပေးဖို့ တောင်းဆိုတာတွေ မလုပ်ပါနဲ့၊ မဖြစ်နိုင်ပါဘူး။ တချို့အရာတွေက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ဇယ်လင်းစကီးနဲ့ မတွေ့ခင်တရက်က ထရုသ်ဆိုရှယ်မှာ ရေးသွားပါတယ်။ ဒါက မဖြစ်နိုင်တဲ့ အဲဒီ၂ချက်ကို စစ်ရပ်ဖို့ လိုအပ်တဲ့ အချက်တွေအနေနဲ့ ဇယ်လင်းစကီးက တစိုက်မတ်မတ် တောင်းဆိုနေတာကို ကြိုဟန့်တားလိုက်တဲ့ သဘောပါ။ စစ်ပြီးသွားရင် ယူကရိန်းမှာ နေတိုးတပ်ဖွဲ့တွေကို ပိစ်ကိပါအနေနဲ့ ထားရှိဖို့ ဇယ်လင်းစကီးနဲ့ ဥရောပခေါင်းဆောင်တွေရဲ့ အကြံပြုချက်ကို ရုရှားနိုင်ငံခြားရေးဌာနက ပယ်ချလိုက်ပါတယ်။Continue reading “ဩဂုတ် ၁၈ ရက် ၂၀၂၅”

ဩဂုတ် ၁၅ရက် ၂၀၂၅

ဒီကနေ့ အလက်စကားပြည်နယ် အန်ကာရေ့ချ်မြို့မှာ ပြုလုပ်တဲ့ သမ္မတထရမ့်နဲ့ ရုရှားသမ္မတပူတင်တို့ တွေ့ဆုံဆွေးနွေးပွဲဟာ ၃နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ သတင်းစာရှင်းလင်းပွဲ အတွက် ပြင်ဆင်ထားပေမယ့် အပြန်အလှန် နားလည်မှုရရှိကြောင်း ထုတ်ပြန်ချက်သဘောလောက်ပဲ ပြောသွားပြီး မေးခွန်းမေးတာတွေကို ပူတင်က ဖြေဆိုမသွားခဲ့သလို ထရမ့်ကလည်း ဇယ်လင်းစကီနဲ့ နေတိုးမဟာမိတ်တွေနဲ့ မပြောရသေးခင် ဘာမှ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ သဘောတူတဲ့ အချက်တချို့ ရရှိခဲ့ပေမယ့် သဘောမတူနိုင်သေးတာတွေလည်းရှိကြောင်း၊ အဲဒီထဲမှာ အဓိကကျတဲ့ အချက်တခုပါဝင်နေကြောင်း၊ နယ်မြေကိစ္စကိုတော့ ဇယ်လင်းစကီးကသာ ဆုံးဖြတ်နိုင်မှာဖြစ်လို့ နောက်တခါဆိုရင် ပူတင်နဲ့ ဇယ်လင်းစကီးတွေ့ကြဖို့ဖြစ်ကြောင်း၊ သူတို့ နှစ်ဦးစလုံးက ငါ့ကို ပါစေချင်တယ်ဆိုရင် ပါရဦးမှာဖြစ်ကြောင်း ထရမ့်ကပြောသွားပြီး ပူတင်က နောက်တကြိမ် မော်စကိုမှာ တွေ့ဖို့ စကားစတာကို စိတ်ဝင်စားစရာပဲ၊ ဖြစ်နိုင်ခြေ ရှိပါတယ်လို့ ဆိုပါတယ်။Continue reading “ဩဂုတ် ၁၅ရက် ၂၀၂၅”

ဩဂုတ် ၈ရက် ၂၀၂၅

သမ္မတထရမ့်က ဆယ်စုနှစ်နဲ့ချီပြီး စစ်ဖြစ်နေခဲ့ကြတဲ့ အဇာဘိုင်ကျန်နဲ့ အာမေးနီးယားတို့ကြား ငြိမ်းချမ်းရေးရအောင် ကြားဝင်ဆောင်ရွက်ပေးလိုက်ပါတယ်။ ဒီကနေ့ အိမ်ဖြူမှာ အာမေးနီးယားဝန်ကြီးချုပ်နဲ့ အဇာဘိုင်ကျန်သမ္မတ တို့နဲ့အတူ သမ္မတထရမ့်တို့ ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ သမ္မတထရမ့်က အစ္စရေးနဲ့ဟာမာ့စ်၊ အိန္ဒိယနဲ့ ပါကစ္စတန်၊ ထိုင်းနဲ့ ကမ္ဘောဒီးယား၊ ကွန်ဂိုဒီမိုကရက်သမ္မတနိုင်ငံနဲ့ ရဝမ်ဒါ၊ ရုရှားနဲ့ ယူကရိန်းတို့ကြားထဲ ငြိမ်းချမ်းရေး ရအောင် ကြားဝင်ညှိနှိုင်းပေးနေတာမှာ အစ္စရေး၊ ပါကစ္စတန်နဲ့ ကမ္ဘောဒီးယား ခေါင်းဆောင်များက သမ္မတထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အသီးသီးလျောက်ထားပေးထားကြပြီဖြစ်ပါတယ်။ ရုရှားရော ယူကရိန်းပါ နှစ်ဖက်အသေအကြေများနေတဲ့အတွက် နှစ်နိုင်ငံလုံးမှာ စစ်မှုမထမ်းမနေရ ဆင့်ခေါ်နေရပြီဖြစ်ပြီး ခြစားမှုနဲ့ နာမည်ကြီးတဲ့ ယူကရိန်းမှာ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့တွေရဲ့ ဘက်မလိုက်မှုကို အားပျော့စေတဲ့ဥပဒေကို ဇယ်လင်းစကီက လက်မှတ်ထိုးထုတ်ပြန်လိုက်တဲ့အပေါ် လက်မခဲနိုင်ကြတဲ့ ပြည်သူတွေ ဆန္ဒပြကုန်ကြပြီဖြစ်ပါတယ်။ သမ္မတထရမ်းရဲ့ အထူးသံတမန်Continue reading “ဩဂုတ် ၈ရက် ၂၀၂၅”

ဩဂုတ် ၁ရက် ၂၀၂၅

ဒီနေ့က တားရစ်ဖ်တွေ စတင်အသက်ဝင်တဲ့နေ့ဖြစ်သလို ပြီးခဲ့တဲ့လအတွက် အလုပ်အကိုင် နံပါတ်တွေ ထွက်တဲ့နေ့လည်း ဖြစ်ပါတယ်။ မက္ကဆီကိုကို လက်ရှိ ၂၅%အတိုင်း ရက်၉၀ ထပ်တိုးပေးလိုက်ပြီး ကနေဒါကိုတော့ အမေရိကန်ထဲကို ဖန်တနိုင်းတွေ ခိုးသွင်းနေတာကို ဘာအဟန့်အတားမှ မလုပ်ခဲ့လို့ လက်ရှိနှုန်းထက် ၁၀%တိုးပြီး ၃၅% ချမှတ်လိုက်ပါတယ်။ အီးယူ ၁၅%၊ ယူကေ ၁၀%၊ အိန္ဒိယ ၂၅%၊ ဂျပန် ၁၅%၊ တကိုရီးယား ၁၅% ဆွစ်ဇာလန် ၃၉%၊ တိုင်ဝမ် ၂၀%နဲ့ တရုပ်ကတော့ ဒီလ ၁၂ရက်မတိုင်ခင် သဘောတူညီမှုရအောင် တတိယအကြိမ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပိုကောင်းတာက အဲဒီတဲရစ်ဖ်တွေကနေ နိုင်ငံအတွက် ပိုက်ဆံတွေ လှိမ့်ဝင်လာရုံမက အမေရိကန်ကုန်စည်တွေ သူတို့ဆီမှာရောင်းဖို့ အရင်တုန်းက ကြပ်ထား တစ်ထားတာတွေ တဲရစ်ဖ်တွေကို နိုင်ငံအများစုကContinue reading “ဩဂုတ် ၁ရက် ၂၀၂၅”