တကယ်တော့ လွှတ်တော်စပီကာရော နိုင်ငံခြားရေးဝန်ကြီးရောက အကြမ်းဖက်တွေကို လက်နက် ထောက်ပံ့တာ၊ အမေရိကန်နဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်တာ၊ နျူကိစ္စ ဆက်လုပ်ချင်တာက ခါမေနီတိုလိုပဲဖြစ်လို့ အစ္စရေးက ရှင်းချင်နေခဲ့တာပါ။ သူတို့နေရာကိုလည်း ရထားပြီးသားပါ။ ပါကစ္စတန်က ဒီ ၂ယောက်ကို မရှင်းပါနဲ့၊ ရှင်းလိုက်ရင် ပိုဆိုးတဲ့ IRGC လက်ထဲ ထိန်းချုပ်မှု/ အာဏာ အကုန် ရောက်သွားရင် ပိုဆိုးပါလိမ့်မယ်လို့ သတိပေးတာကို အမေရိကန်က သဘောတူခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်နေပါတယ်။ အဲဒါကြောင့်လည်း သူတို့လုံခြုံရေးအတွက် ပါကစ္စတန်က လာကြိုပေးရတာပါ။ ဆွေးနွေးပွဲကိုလာတော့ အမေရိကန်ဘက်က ဒုသမ္မတဗန့်စ်နဲ့အတူ ပုံမှန်ဆွေးနွေးနေကျ Steve Witkoff, Jared Kushner တို့ အဓိက ပါဝင်ပြီး ကာတာနဲ့ ရှားဘုရင်တွေ့ပြီးနောက်ပိုင်း ဗန့်စ်က အမေရိကန်ဘက်က အမြင့်ဆုံး အီရန်နဲ့တွေ့သူContinue reading “Operation Epic Fury (46)”
Category Archives: Uncategorized
Operation Epic Fury (45)
အပစ်ရပ် ၂ပတ်အတွင်းမှာ ပစ်ခတ်မှုတွေ ဆက်လက်ရှိနေပေမယ့် အမေရိကန်ဘက်က မဟုတ်ပါဘူး။ အစ္စရေးက ၂၀၂၃ အောက်တိုဘာ ၇ ကတဲက သူတို့ကို နေ့တိုင်းလို တိုက်ခိုက်နေခဲ့တဲ့ ဟဇ်ဘိုလာတွေနဲ့ အပြန်အလှန် ဆက်လက်တိုက်ခိုက်နေကြဆဲ ဖြစ်သလို ယူအေအီးကလည်း အီရန်ရဲ့ Lavan ရေနံချက် စက်ရုံကို Mirage 2000-9 jet တွေနဲ့ တကြိမ်သွားဗုံးကြဲခဲ့ပြီး သူတို့ရေနံ infrastructure နဲ့ အရပ်ဖက်ထိခိုက်မှုတွေအပေါ် အီရန်က ဖျက်ဆီးခဲ့တာကို လျော်ကြေးပေးရင်ပေး၊ မပေးရင် နောက်ဆက်တွဲ ဖြစ်လာမှာတွေကို ရင်ဆိုင်တော့လို့ ရာဇသံပေးလိုက်ပါတယ်။ ဒါ့အပြင် အဲဒီထဲမှာ ရန်လိုမှုတွေအားလုံးကို ချက်ချင်းအဆုံးသတ်ဖို့နဲ့ ဟော်မုဇ်ကိုလည်း ပြည့်ပြည့်ဝဝ ကန့်သတ်မှုမရှိပဲ ပြန်ဖွင့်ဖို့လည်း ပါပါတယ်။ အီရန်က ယူအေအီးကို ပဲ့ထိန်းဒုံးကျည်၊ ခရုဇ်ဒုံးကျည်နဲ့ ဒရုန်း စုစုပေါင်းContinue reading “Operation Epic Fury (45)”
Operation Epic Fury (44)
၂ပတ် အပစ်ရပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ပြန်ဝန်မလေး Karoline Leavitt က “ ဒါက သမ္မတထရမ့်နဲ့ ကျမတို့ရဲ့ အံ့မခန်းစစ်တပ်ကြီးက ဖြစ်အောင် ဆောင်ကျဥ်းပေးခဲ့တဲ့ အမေရိကန်ရဲ့ အောင်ပွဲပါပဲ။ ဒီစစ်ဆင်ရေး စကတဲက သမ္မတထရမ့်က ၄-၆ပတ်ပဲ ကြာဖို့ မှန်းထားခဲ့တာပါ။ ကျမတို့စစ်သားတွေရဲ့ မယုံနိုင်လောက်အောင် ပြည့်ဝတဲ့ စွမ်းဆောင်ရည်ကြောင့် ကျမတို့ရဲ့ ပင်မစစ်ရေးရည်မှန်းချက်တွေအားလုံးကို ၃၈ရက်ထဲနဲ့ ပြီးမြောက်အောင်မြင်ခဲ့ပါပြီ။ အီရန်ဘက်က အပစ်ရပ်ဖို့ စကမ်းလှမ်းတာပါ၊ နေတန်ယာဟုကလည်း သမ္မတထရမ့်စီစဥ်တာကို သဘောတူပါတယ်” လို့ ပြောသွားပါတယ်။ အပစ်ရပ်ဖို့ အဓိကလိုအပ်ချက်က အီရန်ဘက်က ဟော်မုဇ်ပြန်ဖွင့်ဖို့ဖြစ်ပါတယ်။ အဲဒါက အီရန်ဘက်က ဖြတ်သန်းခကောက်ခံချင်တယ်လို့ တောင်းဆိုထားတာနဲ့ သပ်သပ်စီပါ။ ဒီနေ့ ရေနံတန်ကာကြီး ၂စီး ဖြတ်သွားနိုင်ခဲ့ပါပြီ။ ဟော်မုဇ်ထဲမှာ ရေနံတင်သင်္ဘော အစီး၄၀၀ကျော်နဲ့ အခြားသင်္ဘောContinue reading “Operation Epic Fury (44)”
Operation Epic Fury (43)
သမ္မတထရမ့်ရဲ့ ငရဲမိုးရွာမယ့် ရာဇသံစေ့ဖို့ နာရီပိုင်းအလိုမှာ ပါကစ္စတန်ဝကချုပ် Shehbaz Sharif နဲ့ Field Marshal Asim Munir တို့ရဲ့ စေ့စပ်ပေးမှုနဲ့ သမ္မတထရမ့်က ယခုဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။ “ဒီည အီရန်ကို ဖျက်ဆီးမယ့်အင်အားစုတွေကို ဆိုင်းငံ့ထားလိုက်ပါပြီ။ အီရန် ဘက်က ဟော်မုဇ်ရေလက်ကြားကို ချက်ခြင်း လုံခြုံဘေးကင်းစွာနဲ့ အပြည့်အဝပြန်ဖွင့်ပေးမယ်ဆိုရင် ငါက အီရန်ကို ဗုံးကြဲနေတာတွေကို ၂ပတ် ရပ်တံ့ပေးဖို့ သဘောတူထားပါတယ်။ အဲဒါက တဖက်သတ်မဟုတ်ပဲ နှစ်ဦးနှစ်ဖက် အပြန်အလှန်အပစ်ရပ်စဲတာဖြစ်လာမှာပါ။ ဘာဖြစ်လို့ အဲဒီလို ဆုံးဖြတ်ရတာလဲဆိုတော့ ငါတို့ရဲ့ စစ်ရေးရည်မှန်းချက်တွေအကုန်လုံးဟာ ပြည့်ဝရုံမက ကျော်လွန်နေလို့ဖြစ်ပြီး အီရန်နဲ့ ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက် တိတိကျကျရဖို့နဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးတို့ကလည်း ခရီးပေါက်နေပြီဖြစ်လို့ပါပဲ။ ငါတို့က အီရန်ဆီက ၁၀ချက်ပါတဲ့ အဆိုပြုချက်ကို လက်ခံရရှိထားပါတယ်။ အဲဒါအပေါ်Continue reading “Operation Epic Fury (43)”
Operation Epic Fury (42)
မနက်ဖြန်ရာဇသံနောက်ဆုံးရက်ဆိုပေမယ့် ခုထိ သဘောတူမယ့်အရိပ်အယောင် မရှိသေးပါဘူး။ ဆွေးနွေးသူတွေကို ရှင်းလင်းမယ့်စာရင်းကနေ လွတ်ငြိမ်းခွင့် ခေတ္တပေးထားပါသေးတယ်။ မနက်ဖြန်မှ သဘောတူညီချက်တိတိပပ ထွက်မလာရင် ပါဝါပလန့်တွေ တံတားတွေ အကုန်လုံးကို ဖောက်ခွဲပြီး သူတို့ရေနံတွေကို ယူရပါမယ်လို့ ထရမ့်ကပြောထားပါတယ်။ အီရန်က ဟော်မုဇ်ဖြတ်ခ ကောက်ခံမှာနဲ့ ပတ်သက်လို့ သူတို့အစိုးရ စိစိညက်ညက်ကြေသွားတဲ့နောက် ကောက်တာ/မကောက်တာ ငါတို့ဆုံးဖြတ်ရမှာ ဆိုတဲ့ သဘောမျိုးသတင်းထောက်ရဲ့မေးခွန်းကို ပြန်ဖြေသွားပါတယ်။ မနက်ဖြန် ပြုလုပ်မယ့် စစ်ဝန်နဲ့ တပ်ပေါင်းချုပ်ဥက္ကဋ္ဌတို့ရဲ့ သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းထားပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က WSO ကို ကယ်တင်နေချိန်မှာ အမေရိကန်က B-2 ဗုံးကြဲလေယာဥ်ကြီးတွေနဲ့ တီဟီရန်နားက မြေအောက်အနက်ကြီးမှာ ထားရှိတဲ့ IRGC ဌာနချုပ်ကို ဘန်ကာဘတ်စ်တာဗုံးတွေထဲက ပေါင် ၂၀၀၀နဲ့ ပေါင် ၅၀၀၀အားရှိတဲ့ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။Continue reading “Operation Epic Fury (42)”
Operation Epic Fury (41)
C-17 Globemaster III သယ်ယူပို့ဆောင်ရေးလေယာဥ်အကြီးကြီးတွေ အမေရိကန်အရှေ့ပိုင်းကနေ အတ္တလန်တစ်ကို ဖြတ်ပြီး အရှေ့အလယ်ပိုင်းကို ဦးတည်လာနေပြီလို့ ဖလိုက်ဒေတာတွေကို ကိုးကားပြီး ဖော်ပြနေကြပါတယ်။ အဲဒီဧရာမလေယာဥ်ကြီးတွေဟာ တပ်တွေပြောင်းတာ၊ လက်နက်ကြီးတွေ၊ သံချပ်ကာယာဥ်တွေကို မိုင်ထောင်ချီပြီး အသာလေးပို့ပေးနိုင်တဲ့ လေယာဥ်ကြီးတွေဖြစ်ပါတယ်။ တချို့က အစီး၁၀၀ကျော်တောင် ရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် တခုကို ၁သန်းခွဲတန်ပြီး ရန်သူခြေရာမခံနိုင်တဲ့ မိုင် ၆၀၀ကျော် ပစ်လို့ရတဲ့ Stealth ခရုဇ်ဒုံးကျည်တွေကိုပါ ပစိဖိတ်ဒေသကနေ အီရန်အတွက် အမြန်ပို့ပေးနေတယ်လို့ သတင်းထွက်နေပါတယ်။ အီရန်စစ်မှာ Tomahawk ဒုံးကျည်ပေါင်း ရာနဲ့ချီသုံးခဲ့ရပြီး JASSM ဒုံးကျည် ပေါင်း တထောင်ကျော် သုံးခဲ့ပြီးဖြစ်ပါတယ်။ စနေနေ့က တီဟီရန်ကို မီးလုံးကြီးတွေ ထတဲ့အထိ အကြီးအကျယ်တိုက်ခိုက်ခဲ့စဥ်မှာ အီရန်စစ်ဘက်က ထိပ်တန်းခေါင်းဆောင် ၂ဦး သေဆုံးသွားခဲ့ပါတယ်။ သမ္မတထရမ့်ရဲ့Continue reading “Operation Epic Fury (41)”
Operation Epic Fury (40) Rescue Mission
Operation Epic Fury (40/ Rescue Mission) မနေ့က ကယ်ဆယ်ခဲ့တဲ့ WSO ဟာ ဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ပါတယ်။ ရာထူးကို ထည့်ပြောရတာက သူ့ကို ရာထူးကြီးလို့ ရအောင်ကယ်ခဲ့တာကို ပြောချင်တာမဟုတ်ပဲ ဒီရာထူးတွေက အဲကွန်းခန်းထဲကနေ စည်းစိမ်ယစ်မနေပဲ အငယ်တွေနဲ့အတူ အသက်နဲ့ရင်းပြီး စစ်ဆင်းတိုက်နေတာကို မြင်စေချင်တာပါ။ ကယ်ခဲ့တာလည်း ခရစ်ယာန်တွေ သိပ်တန်ဖိုးထားတဲ့ Easter Sunday အစောပိုင်းမှာဖြစ်တော့ အားလုံး အတိုင်းထက်အလွန် ဝမ်းသာနေကြတာဖြစ်ပါတယ်။ သူ့ရဲ့ လေယာဥ်ပျက်ကျတာကနေ ကယ်ဆယ်ပြီးတဲ့အထိ အဖြစ်စုံကို သိထားသလောက်ကို ပုံတွေနဲ့တကွ တင်ပြပေးသွားမှာပါ။ ပုံတွေက မနေ့တနေ့ကပုံတွေ ဟုတ်မဟုတ် မသေချာပေမယ့် မြင်ယောင်ကြည့်နိုင်ဖို့ အထောက်အကူဖြစ်မှာပါ။ WSO က လေယာဥ်ကနေ ခုံနဲ့တကွ ကန်ထွက်သွားပြီး ပြန်ကျလာချိန်မှာ ခြေကျင်းဝတ် ကျိုးသွားခဲ့ ပါတယ်။Continue reading “Operation Epic Fury (40) Rescue Mission”
Operation Epic Fury (39)
မနေ့က F-15E လေယာဥ်ပျက်ကျရာမှာ ပါသွားတဲ့ weapon system officer (WSO) ကို အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့ပြီလို့ X မှာသတင်းတွေ တက်လာပါပြီ။ သမ္မတထရမ့်လည်း ဒီသတင်းကြားရဖို့ အိမ်ဖြူတော်မှာပဲ အလုပ်လုပ်ရင်း စောင့်ဆိုင်းနေခဲ့တာပါ။ အကောင်းဆုံးသတင်းက ကိုယ့်လူတဦးမှ မကျခဲ့တာပါပဲ။ ကြီးကြီးကျယ်ကျယ်ဒဏ်ရာတောင် မရခဲ့ကြပါဘူး။ WSO က ပေ ၇၀၀၀ မြင့်တဲ့တောင်ရိုးပေါ်ကို အီရန်တပ်တွေလက်ကလွတ်အောင်ပြေးပြီး တက်ရှောင်နေခဲ့တာပါ။ သူက တယောက်တည်းဆိုပေမယ့် တပ်ချုပ်ရော စစ်ဝန်ရော၊ chief of staff ရော အကုန်လုံးက ၂၄နာရီ စောင့်ပေးနေကြတာပါ။ ကယ်ဆယ်ရေးအဖွဲ့မှ Pararescuemen အနည်းဆုံး ၂၄ဦးက လေထီးတွေနဲ့ဆင်းပြီး ဒလကြမ်းပစ်ခတ်နေတဲ့ကြားက ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြတာပါ။ ရှာဖွေခဲ့တဲ့နေရာတဝိုက် ပေါက်ကွဲမှု ပစ်ခတ်မှုတွေ အများကြီး ဆူညံပွက်နေတဲ့ကြားကContinue reading “Operation Epic Fury (39)”
Operation Epic Fury (38)
ဒီနေ့ရဲ့ ရင်တုန်စရာသတင်းကတော့ ခါ့ဂ်ကျွန်းနဲ့ နီးတဲ့ ခူဇက်စတန်ပြည်နယ်မှာ F-15E Strike Eagle လေယာဥ် ပစ်ချခံရပြီး လေယာဥ်မှူး၂ဦးက အီရန်နယ်မြေထဲမှာ ရောက်နေတယ်ဆိုတဲ့ သတင်းပါ။ အီရန်ဘက်က ဓါတ်ပုံတွေ အရင်ဖြန့်တာပါ။ အရင်က ဗီဒီယိုအဟောင်းတွေထဲက လေထီးကျနေတဲ့ပုံ၊ မျက်စေ့ကို ပိတ်စီးထားတဲ့ လိမ္မော်ရောင် ထောင်သားဝတ်စုံနဲ့ ပုံတွေပြပြီး လေယာဥ်မှူးတွေကို သူတို့ပဲမိထားသလိုလိုပြောပါတယ်။ အဲဒါနဲ့ တွဲပါလာတာက တောင်းဆိုချက်တွေပါ၊ နံပါတ် ၁ က အပစ်ရပ်ဖို့၊ ၂က ဆန်ရှင်တွေ ဖယ်ပေးဖို့၊ ၃က frozen asset တွေကို unfreeze လုပ်ပေးဖို့နဲ့ အီရန်ကို တိုက်ခိုက်မှုတွေ ရပ်တန်းကရပ်ဖို့ဖြစ်ပါတယ်။ အမေရိကန်တွေက ဆက်ဗုံးကြဲနေမယ်ဆိုရင် ဒီမိုကရက်တွေ ကလောတုတ်လို့ကောင်းမယ့် ဆန္ဒပြစရာ ဆူဆူဖြိုးဖြိုးအကွက်ကြီးဖြစ်လာမှာပါ။ ၁၉၇၉ ချာတူးကာတာလက်ထက်တုန်းက အမေရိကန်သုံ့ပန်းတွေကိုContinue reading “Operation Epic Fury (38)”
Operation Epic Fury (37)
သမ္မတထရမ့်က Karaj မြို့နားမှာရှိတဲ့ အီရန်မှာအကြီးဆုံး B-1 တံတားကြီးကို ဖျက်ဆီးထားတဲ့ဗီဒီယို တင်ထားပြီး သဘောတူညီချက်မရသေးရင် ကျန်သမျှအကုန်ဖျက်ဖို့ စရတော့မယ်၊ တံတားတွေ လာမယ်၊ ပြီးရင် လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေလာမယ်၊ အစိုးရသစ်က ဘာလုပ်ရမယ်ဆိုတာ သိတယ်၊ မြန်မြန်လုပ်ရမယ်ဆိုတာကိုလည်း သိပါတယ်လို့ ရေးသွားပါတယ်။ B-1 တံတားကြီးက အစ္စရေးနဲ့ အမေရိကန်တပ်စခန်းတွေ၊ ကုမ္ပဏီတွေ ပိုင်ဆိုင်မှုတွေကို ပစ်ခတ်ဖို့ နိုင်ငံအနောက်ဖက်ကို ဒုံးကျည်နဲ့ လက်နက်ခဲယမ်းတွေ ထောက်ပို့ပစ္စည်းတွေကို ပို့ဆောင်ပေးနေတဲ့ အဓိက ဆက်သွယ်ရေး အသက်သွေးကြောတခု ဖြစ်ပါတယ်။ ဟော်မုဇ်ပြန်မဖွင့်ပေးမချင်း ပိုကြမ်းလာမယ့်သဘောပါ။ ဒုံးကျည်တွေအများစုရှိတဲ့ Isfahan ကိုလည်း အမေရိကန်နဲ့ အစ္စရေး ပေါင်းပြီး ရက်ဆက်ဆော်နေတာ မီးတွေ ပေါက်ကွဲမှုတွေ အကြီးအကျယ်ဖြစ်နေပါပြီ။ လူနေရပ်ကွက်တွေနဲ့ ဝေးလို့လည်း အဲဒီလိုလုပ်နိုင်တာပါ။ B-1 တံတားကို ဖြိုဖျက်တာကိုContinue reading “Operation Epic Fury (37)”