အခုတလော အပြောများနေတဲ့ အကြောင်းအရာတခုကတော့ တိုးတိုးတိတ်တိတ် ဖယ်ခွာခြင်းလို့ အဓိပ္ပါယ်ရမယ့် quiet quitting ပဲ ဖြစ်ပါတယ်။ အဲဒါကို လုပ်ငန်းခွင်တွေမှာ အတွေ့များလာတဲ့ အမူအကျင့်တခုအဖြစ် သိလာကြပြီး အချစ်ရေးအချစ်ရာလို လူမှုရေးကိစ္စတွေမှာပါ တွေ့ရှိလာကြတာပါ။ တိုးတိုးတိတ်တိတ် ဖယ်ခွာတယ်ဆိုတာက အလုပ်ခွင်မှာဆိုရင် အလုပ်ဖြစ်အောင်၊ အလုပ်တွင်အောင်၊ ပြီးစီးအောင်မြင်အောင်၊ တိုးတက်ကြီးပွားအောင် လုပ်ဆောင်လိုစိတ်များမရှိပဲ မလုပ် မရှုပ် မပြုတ်လို မျှောလိုက်နေတာမျိုးဖြစ်ပါတယ်။ အချစ်ရေး အိမ်ထောင်ရေးတွေမှာလည်း ဘာမှ ဆွေးနွေး ညှိနှိုင်းတာမျိုး မလုပ်တော့ပဲ တဘက်ဘက်က သည်းမခံနိုင်တော့တဲ့ အခြေအနေမျိုး မရောက်သ၍ အရင်အရှိန်နဲ့ ဆက်လိမ့်နေတဲ့သဘောမျိုး ဖြစ်ပါတယ်။ လုပ်ငန်းခွင်တွေမှာ တွေ့ရတဲ့ quiet quitting ကို တချို့က အလုပ်ရှင်တွေအပေါ် ပြစ်တင် ဝေဖန်ကြပါတယ်။ အလုပ်ရှင်ဆိုးတွေက နေရာတိုင်းမှာ ရှိတတ်ကြပေမယ့်Continue reading “Quiet Quitting”
Author Archives: Omma
ဟူစိန်အိုနဲ့ မီဒီယာဆပ်ကပ်
ဟူစိန်အိုကို သူတို့လင်မယားရဲ့ နက်ဖလစ်စီးရီးမှာ နောက်ခံစကားပြောကောင်းလို့တဲ့ အမ်မီဆု ပေးလိုက်ပါတယ်။ ဆုရမယ့်သာရတာပါ၊ အဲဒီစီးရီးက တဆီဆန်တောင်မခံလိုက်ပါဘူး၊ ထွက်ပြီး မကြာခင်မှာပဲ ကြည့်မယ့်လူမရှိလို့ ကန်ထရိုက်ကို ကန်ဆယ်လ်လုပ်လိုက်ပါပြီ။ စကားပြောကောင်းတာကတော့ လူလိမ်တိုင်းဆိုတော့ သိပ်တော့ မဆန်းဘူးပေါ့လေ။ သူ့အကြောင်းနဲ့ သူ့ဖခင်အကြောင်း ရေးခဲ့တဲ့ နှစ်အုပ်ကို ပြန်ဖတ်တာမှာလည်း ဂရမ်မီ နှစ်ကြိမ်ရခဲ့တဲ့ ဟူစိန်ကို လွှတ်ကြည်ညိုနေတဲ့ အေပီသတင်းဌာနက ဟူစိန်ဟာ အမ်မီ၊ ဂရမ်မီ၊ အော်စကာ၊ တိုနီ စတဲ့ အီဂေါ့တ် ဆုလေးမျိုးရဲ့ တဝက်ကို ရောက်နေပြီလို့ မွှန်းပါတယ်။ အဲဒါကို သံယောင်လိုက်တာကတော့ ဟူ့စိန်ဘောမမီဒီယာများဖြစ်ကြတဲ့ စီဘီအက်စ်၊ အေဘီစီ၊ နယူးယောက်တိုင်းမ်စ်တို့ ဖြစ်ပါတယ်။ အော်စကာကလည်း ရသင့်နေတာပါပဲ၊ သူ့သရုပ်ဆောင်မှုအောက်မှာ တိုင်းပြည်တဝက်နီးပါး ခုထိမျောနေကြတုန်းပဲလေ။ နောက်ခြစားတဦးဖြစ်တဲ့ အရင်က နယူးယောက်ဂါဗာနာ အန်ဒရူးကိုမိုလည်းContinue reading “ဟူစိန်အိုနဲ့ မီဒီယာဆပ်ကပ်”
အမှောင်ခေတ်ရဲ့ လက်သည်
အမှောင်ခေတ်ဆိုတာ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုလို့ ရပါတယ်။ အရိုးရှင်းဆုံး တိုက်ရိုက်ဖွင့်ဆိုမယ် ဆိုရင်တော့ စွမ်းအင်မလုံလောက်မှုကြောင့် ဖြစ်ရတဲ့ အမှောင်ကျမှု ဖြစ်ပါတယ်။ ဒီမိုကရက်ဘိုင်ဒင်အို အစိုးရ ဖန်တီးတဲ့ စွမ်းအင် အကျပ်အတည်းက အမေရိကန်ကိုတင်မဟုတ်ပဲ ကမ္ဘာတလွှားကို ပြင်းထန်စွာ ရိုက်ခတ်လျက် ရှိပါတယ်။ အမေရိကန်ပြည်တွင်းမှာ အလျှံပယ်ထွက်နေတဲ့ လောင်စာကို ဘိုင်ဒန်တက်တက်လာချင်း ပိတ်ပင်လိုက်ပြီးနောက် ပြည်ပက တင်သွင်းလာရတဲ့အတွက် ပြည်တွင်းလောင်စာဈေးဟာ ပြည်ပဈေးကွက်တင်မကပဲ ပြည်ပနိုင်ငံရေးရာသီဥတုရဲ့ ကြမ်းတမ်းခက်ထန်မှု ဒဏ်တွေကိုပါ ခံစားလာရပါတယ်။ လွတ်လပ်တဲ့ ကမ္ဘာကြီးရဲ့ ခေါင်းဆောင်နေရာကို ယူထားတဲ့ ကမ္ဘာ့စစ်အင်အား စီးပွားရေးအင်အား အကြီးဆုံးဆိုတဲ့ အမေရိကန်နိုင်ငံဟာ ခြစားဘိုင်ဒန်နဲ့ ငို့ဘခေါင်းဆောင်များ လက်ထက်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုအပြင် တမင်ဖန်တီးယူထားတဲ့ လောင်စာမလုံလောက်မှုကြောင့် ပြည်သူတွေ နေ့စဥ်နဲ့အမျှ ဒုက္ခတွေ့နေကြတာပါ။ အခုအချိန်ဟာ အနောက်ကမ္ဘာမှာ နွေရာသီကုန်ဆုံးဖို့ နီးလာပါပြီ။Continue reading “အမှောင်ခေတ်ရဲ့ လက်သည်”
Spikevax
မိုဒနက မစမ်းသပ်ရသေးတဲ့ ကဗကကဆ စပိုက်ဗက်စ်ကို ယူကေမှာ ဖြန့်ဖို့ ပါမစ်ရသွားပါပြီ။ အရင်ကကဆတွေက မူရင်းဝဟပိုးအတွက်ဖြစ်ပြီး ခုဖြန့်မယ့်ဆေးက မူရင်းပိုးရော အမခရမျိုးကွဲ ဘအ၁ အတွက်ပါဖြစ်တယ်လို့ ဆိုပါတယ်။ ပိုးကူးမှာကြောက်တဲ့စိတ်က ကိုယ့်ရဲ့ လေ့လာအား၊ ကျိုးကြောင်းဆင်ခြင်နိုင်မှုတို့ထက် ကြီးနေတဲ့အခါမှာ ကကဆအသစ်ထွက်ပြီဆိုလိုက်တာနဲ့ အင်္ကျီလက်မောင်းလေး တပင့်ပင့်နဲ့ သွားတန်းစီကြဦးမှာပါပဲ။ တကယ်က အဲဒီနှစ်မျိုးလုံးက တကမ္ဘာလုံး ဘယ်နေရာမှာမှ လည်ပတ် ပြန့်နှံ့နေတာ မဟုတ်တော့ပါဘူး။ လောလောဆယ် ယူအက်စ်မှာ ကူးနေတာတွေက ဘအ၄ ဘအ၅ ဘအ၂— စတာတွေဖြစ်ပြီး ဥရောပမှာတော့ ဘအ၂ ဘအ၄ ဘအ၅တွေ ဖြစ်နေတာပါ။ ကူးမြန်တဲ့ ပိုးတွေဟာလည်း ရောဂါမပြင်းထန်သလို အသွင်ပြောင်းမြန်လွန်းတဲ့အတွက် သမိုင်းမှာ ဘယ်တုန်းကမှ ကကဆ ထုတ်လေ့မရှိတာဖြစ်ပါတယ်။ တကယ်လို့ ထုတ်ချင်ရင်တောင် ဖော်ရ၊ စမ်းရတာကContinue reading “Spikevax”
Money Pox, Tomato Flu
-မျ-ကျောက်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ သတင်းတပုဒ်ကို ပက်ထရစ်ရှာတော်လ်ဆန်က အဲပုခ်တိုင်းမ်စ်မှာ တင်ဆက်ထားပါတယ်။ မကကို ပထမဆုံးတွေ့ရှိခဲ့တာက ၁၉၅၈မှာဖြစ်ပြီး သုတေသနလုပ်ဖို့ လှောင်ထားတဲ့ အကောင်တွေမှာ ဖြစ်ခဲ့တာပါ။ ဘယ်ကစလာတာလည်းတော့ ခုထိ မသိသေးပါဘူး။ လူမှာဖြစ်တာက ၁၉၇၀နောက်ပိုင်းမှပါ။ ဒီနှစ်မတိုင်ခင်က အဲဒီကျောက်က အလယ်ပိုင်းနဲ့ အနောက်ပိုင်း အာဖရိကမှာပဲ တွေ့ခဲ့ပြီး အဲဒီတိုက်အပြင်မှာ တွေ့ရှိသမျှဟာလည်း နိုင်ငံတကာခရီးသွားတွေနဲ့ ပတ်သက်နေခဲ့တာချည့်ပါပဲ။ ဝဟကပ်ပိုးမပြန့်ခင် လအနည်းငယ်မှာ အီဗန့်တူးအိုဝမ်းနာမည်နဲ့ စားပွဲဝိုင်းလေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြတာကို ဒေါက်တာဆာယိဟိုင်ဒါက ကပ်ပိုးစပြန့်ပြီး တနှစ်လောက်အကြာမှာ သိရှိခဲ့ပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ ကမ္ဘာ့အရပ်ရပ်က အစိုးရတွေပါ လိုက်နာလာမယ့်အနေအထားမျိုးရောက်အောင် ဘယ်လိုမောင်းမယ်ဆိုတာကို ပြင်ဆင်ခဲ့ကြတာလို့ ဆိုပါတယ်။ ကပ်ပိုးကာလတလျောက်လုံး လော့ဒေါင်းတို့ မတ်တပ်တို့ စတဲ့ ဖောက်ချိတို့ ဟူးတို့တတွေ ပေးခဲ့တဲ့ ပြည်သူတွေ လိုက်နာရမယ့်အချက်တွေက အဲဒီလေ့ကျင့်ခန်းကContinue reading “Money Pox, Tomato Flu”
ဩဂုတ် ၁၆ရက် ၂၀၂၂
ထရမ့်ကို တချိန်လုံး တိုက်ခိုက်နေခဲ့တဲ့ ဘုရှ်၄၃လက်ထက်က ဒုသမ္မတဒစ်ချေနီရဲ့ သမီး လဇ်ချေနီဟာ ဒီကနေ့ဝိုင်ယိုမင်းမှာပြုလုပ်တဲ့ ပါတီတွင်းပဏာမရွေးကောက်ပွဲမှာ ထရမ့်ထောက်ခံပေးထားသူ ဟေ့ချ်မန်ကို (၆၅ – ၃၀)နဲ့ အပြတ်အသတ် ရှုံးနိမ့်နေပါတယ်။ မဲတွေက ရေတွက်ဆဲဖြစ်တော့ ဘယ်သူနိုင်တယ်ဆိုတာ တရားဝင် မကြေငြာရသေးပါဘူး။ အရင်အကြိမ်က ၇၃ရာခိုင်နှုန်းမဲနဲ့ နိုင်ထားတာကို အားကိုးပြီး ခုတကြိမ်မှာ ရှုံးနိုင်ခြေရှိပေမယ့် ဝင်ပြိုင်ခဲ့တာပါ။ သူမကို ဂျန်၆ကိစ္စမှာ မာဂါရီပါဘလစ်ကန်တွေနဲ့ မရပ်တည်ပဲ ဒီမိုကရက်တွေကတဲ့ဇတ်မှာ တက်တက်ကြွကြွ ပါဝင်ပြီး အပြစ်မရှိ အပြစ်ရှာခဲ့လို့ မာဂါရီပါဘလစ်ကန်များက မလိုလားကြတော့တာဖြစ်ပါတယ်။ အစ္စရေးမှာ ဝန်ကြီးချုပ် ၁၅နှစ် လုပ်ခဲ့တဲ့ ဘန်ဂျမင် နေတန်ယာဟု(ဘီဘီ)ကို ဂျူးတဦးဖြစ်တဲ့ ဘန်ရှာပီရိုက အင်တာဗျူးထားတာကို နားထောင်လိုက်ရပါတယ်။ ဘီဘီရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအမြင်တွေဟာ ထရမ့်နဲ့ တော်တော်ဆင်တာContinue reading “ဩဂုတ် ၁၆ရက် ၂၀၂၂”
Trump Home Raid 4
ပြီးခဲ့တဲ့ တနင်္လာနေ့က သမ္မတထရမ့်အိမ်ကို ဝင်စီးကြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တချို့ ထပ်ထွက်လာပါတယ်။ အဲဒီထဲမှာ ၁။ ရှာဖွေဝရမ်းကို လက်မှတ်ထိုးပေးထားတာ သောက်ြာနေ့ထဲကဖြစ်ပြီး ဝင်စီးတာက တနင်္လာမှဖြစ်လို့ ထရမ့်(သို့)သူ့ရှေ့နေအဖွဲ့ကို အကြောင်းကြားဖို့ အချိန်အများကြီး ရခဲ့တဲ့ကြားက တမင်ကို ထိမ်ချန်ထားခဲ့တာ ဖြစ်ပါတယ်။ ၂။ ကလပ်စီဖိုင်းဆိုတဲ့ လျို့ဝှက်စာရွက်စာတမ်းတွေ ယူဆောင်သွားတယ်လို့ စွပ်စွဲပေမယ့် ထရမ့်သမ္မတအဖြစ် ရှိနေခဲ့စဉ်ကထဲက သမ္မတတဦးရဲ့ လုပ်ပိုင်ခွင့်နဲ့ တချိန်မှာ အများပြည်သူကို ချပြသင့်တယ်လို့ ယူဆတဲ့ စာရွက်စာတမ်းတွေကို ဒီကလပ်စီဖိုင်း (ကလပ်စီဖိုင်းအဆင့်ကနေ ပယ်ဖျက်)ခဲ့ပါတယ်။ ထရမ့်လက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတဦးအဖြစ် ထမ်းရွက်ခဲ့တဲ့ ကက်ရှ်ပတဲလ်က ၂၀၂၀ အောက်တိုဘာကထဲက ရုရှားဂိတ်ရော ဟေလာရီရောနဲ့ ပတ်သက်တဲ့ ဖိုင်မှန်သမျှကို ဒီကလပ်စီဖိုင်းလုပ်ခဲ့တာ သူ့မျက်မြင်ပဲလို့ ဆိုပါတယ်။ ၃။ သူတို့ပြောတဲ့Continue reading “Trump Home Raid 4”
ဆန်ဖရန်က မျက်နှာသစ်မင်းသားလေး
အနုပညာလောကမှာ နာမည်ကြီးတွေရဲ့ သား၊ သမီးတွေကို မိဘတွေက ပွဲထုတ်တတ်ကြသလိုပဲ နိုင်ငံရေးနယ်ပယ်မှာလည်း တချို့က သားသမီးတွေကို အကြောင်းမျိုးစုံနဲ့ ထုတ်သုံးတတ်ကြပါတယ်။ ထရမ့်လက်ထက်က သမီးနဲ့ သားမက်တို့ အိမ်ဖြူမှာ တရားဝင်အိမ်ဖြူအကြံပေးဝန်ထမ်းတွေအဖြစ် ထမ်းရွက်ခဲ့ကြတာ အများအမြင်ပါပဲ။ ကလင်တန်၊ ဘုရှ် ၄၃၊ အိုဘမလက်ထက်မှာ ကလေးတွေက ကျောင်းနေစဥ်အရွယ်တွေဖြစ်ကြလို့ မပါဝင်ခဲ့ကြပေမယ့် ဘိုင်ကြီးဒုသမ္မတ ဖြစ်စဥ်ကထဲက အခု သမ္မတရာထူးတပ်ထားချိန်အထိ ဟန်းတားက တရားဝင်ရာထူးမကိုင်ထားပေမယ့် ဖခင်သွားတဲ့ နိုင်ငံခြားခရီးတိုင်းလိုလိုမှာ ပါလေ့ရှိပါတယ်။ ဟန်းတားလက်ပ်တော့ပ်က အချက်အလက်တွေ ပေါ်ထွက်လာအပြီးမှာ ဘိုင်ကြီးခြစားတဲ့ကိစ္စ သိသိသာသာ ထင်ရှားလာပေမယ့် ဒီမိုကရက်ခေါင်းဆောင်တွေရော ဗျူရိုကရက်တွေ မီဒီယာတွေကပါ ငြင်းကြ၊ ဖုံးဖိကြ၊ မသိချင်ယောင်ဆောင်ကြပါတယ်။ တကယ်ဆိုရင် ကိုယ့်တိုင်းပြည်အကျိုးစီးပွား ပျက်စီးစေလိုသူတွေနဲ့ ပေါင်းစားနေတာဟာ တိုင်းပြည်အတွက် ဘယ်လောက်အန္တရာယ်ရှိမယ်ဆိုတာ မျက်စိစုံအတင်းပိတ်ထားသူတွေကလွဲရင် အလွယ်တကူ မှန်းဆနိုင်ပါတယ်။Continue reading “ဆန်ဖရန်က မျက်နှာသစ်မင်းသားလေး”
Monkey Pox Facts
ဘဒအစိုးရနဲ့ ဟူးတို့ ကြောက်ပြနေတဲ့ မျောက်ကျောက်ကူးစက်ခံခဲ့ရတဲ့ ယောက်ျားတွေရဲ့ ၇၃ရာနှုန်းက ရောဂါလက္ခဏာမပြခင် ၃ပတ်အတွင်း အနည်းဆုံး ၂ယောက်ကနေ ၁၀ယောက်အထိသောသူတွေနဲ့ ကာမစပ်ယှက်ခဲ့ကြတယ်လို့ စီဒီစီရဲ့ ဒေတာတွေကို ကိုးကားပြီး ဝေါစထရိဂျာနယ်က ရေးသားထားပါတယ်။ အဲဒီ လူတွေထဲက ၁၄ရာနှုန်းက လိင်ဆက်ဆံဖက် ၅ဦးကနေ ၉ဦးအထိ ရှိကြပြီး ၂၀ရာနှုန်းနီးပါးက အဆိုပါကာလအတွင်းမှာ ၁၀ယောက်အထက်သော သူတွေနဲ့ ကာမဆက်ဆံခဲ့ကြတာဖြစ်ပါတယ်။ အမေရိကန်မှာ ဖြစ်သမျှ မျောက်ကျောက်လူနာတွေရဲ့ ၉၉ရာနှုန်းက အမျိုးသားတွေဖြစ်ပြီး ၉၆ရာနှုန်းကတော့ လိင်တူဆက်ဆံသူ အမျိုးသားတွေ ဖြစ်ကြပါတယ်။ စီဒီစီက စစ်တမ်းကောက်ခဲ့တဲ့ ၂၉၁ဦးအနက် ၃၈ရာနှုန်းဖြစ်တဲ့ ၈၆ဦးဟာ အုပ်စုလိုက်ကြီး ဒချိခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိလူ့အသိုင်းအဝိုင်းမှာ လိင်တူသမားက လူနည်းစုပါ။ အဲဒီထဲမှာမှ လူတွေအများကြီးနဲ့ ပလေးဘွိုင်လုပ်နေတဲ့ ယောက်ျားတွေက ဘယ်လောက် များများရှိမှာမို့လို့လဲ။ ဘယ်လိုလူတွေContinue reading “Monkey Pox Facts”
Salman Rushdie stabbed in NY
၁၉၈၀ပြည့်လွန်နှစ်တွေတုန်းက စေတန်နစ်ဗာ့စ်စ်စာအုပ်ကြောင့် ဟိုဘာသာကြီးရဲ့ စစ်သွေးကြွတွေက တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းအမိန့်ထုတ်ခံခဲ့ရတဲ့ အိန္ဒိယဖွား စာရေးဆရာကြီး ဆာအာမက်ဆောလ်မွန်ရှပ်ရှ်ဒီးဟာ နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးတောင်ဖက်က Chautauqua မြို့လေးမှာ ဟောပြောပွဲတခု ပြုလုပ်နေစဥ် လူတဦးက စင်ပေါ်တက်ပြီး ဓါးနဲ့အကြိမ်ကြိမ်ထိုးခဲ့ပါတယ်။ ဖြစ်စဥ်ဟာ စက္ကန့် ၂၀လောက် ကြာမြင့်ပြီး လူတွေက ရုတ်တရက် ကြောင်သွားကြလို့ ချက်ချင်းမတုန့်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆေးရုံကို ရဟတ်ယာဥ်နဲ့ ခေါ်ဆောင်သွားစဥ်မှာတော့ ရှပ်ရှ်ဒီးဟာ အသက်ရှင်လျက် ရှိနေပြီး စင်ပေါ်မှာတော့ သွေးတွေ ပြန့်ကြဲနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ကနေ့သူဟောပြောမယ့်ခေါင်းစဥ်က ရှောင်ပြေးနေရတဲ့ စာရေးဆရာတွေနဲ့ တခြားအနုပညာသည်တွေအတွက် အမေရိကန်ဟာ လွတ်လွတ်လပ်လပ် ဖန်တီးဖော်ထုတ်ခွင့်ရှိတဲ့ ခိုလှုံရာ ကင်းလွတ်နယ်မြေအဖြစ် ဆွေးနွေးသွားဖို့ စီစဥ်ထားတာပါ။ ရှပ်ရှ်ဒီးကို စေတန်းနစ်ဗာ့စ်စ်စာအုပ်အတွက် အီရန်က ခိုမေနီက သေမိန့်ထုတ်ထားကလို သူ့စာအုပ်ကိုလည်း ဘန်းကြတဲ့နိုင်ငံတွေContinue reading “Salman Rushdie stabbed in NY”