တန်နက်စီပြည်နယ် ဂိုင်းလ်စ်ကောင်တီ ရဲဌာနက လမ်းပေါ်မှာ ခေါက်ထားတဲ့ငွေစက္ကူတွေကိုတွေ့ရင် မကောက်ယူကြဖို့ ကောင်တီသူ/သားတွေကို သတိပေးထားပါတယ်။ ဓါတ်ဆီဆိုင်တွေမှာ ကျနေတဲ့ ပိုက်ဆံခေါက်တွေထဲမှာ မက်သ်/ဖန်တနိုင်းလ်မူးယစ်ဆေးအဖြူမှုန့်လေးတွေကိုတွေ့တာ ၂ကြိမ်ရှိပါပြီ။ အဲဒီမူးယစ်ဆေးက နဲနဲလေး ရှူမိရုံနဲ့တင် နှလုံးခုန်မြန်လာ၊ သွေးတိုးလာနိုင်ပြီး အဲဒီထက်ပိုလာရင် ဆေးလွန်သေနိုင်တာကြောင့် အခုလို သတိပေးတာဖြစ်ပါတယ်။ အဆိုပါမူးယစ်ဆေးဟာ အနံ့၊ အရသာမရှိတာကြောင့် ခွဲခြားဖို့မလွယ်သလို ထိမိရင်လည်း အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီလဟာ အမေရိကန်ရဲ့ အယ်လ်ဂျီဘီတီအေတူဇီဂုဏ်ပြုလဖြစ်တာကြောင့် မက္ကဆီကိုက ၆၀၀၀လောက်ရှိတဲ့ ခိုးဝင်လောင်းတွေကို သယ်ဆောင်လာတဲ့ ကားတန်းကြီးဟာလည်း အဆိုပါအုပ်စုကိုကိုယ်စားပြုတဲ့ အရောင်စုံအလံတွေ တလူလူလွှင့်ပြီး ချီတက်လာပြီလို့ဆိုပါတယ်။ ဒီဖက်ဘော်ဒါပက်ထရိုလ်က ငြင်းရင် သူတို့ရဲ့ ကွဲပြားမှုကို ခွဲခြားတာပါဆိုပြီး ပြဿနာရှာဖို့ အကြောင်းတခုရသွားပြန်တာပေါ့။ ခိုးဝင်တွေအတွက်ကတော့ အမြတ်ချည့်ဖြစ်ပြီး ကိုယ့်အလုပ်ကိုယ် တိတိကျကျ လုပ်ချင်တဲ့ ဘော်ဒါပက်ထရိုတွေကတော့ အခက်တွေ့ကြဦးမှာပါ။Continue reading “ဇွန်လ ၁၃ရက် ၂၀၂၂”
Category Archives: Uncategorized
ဇွန် ၁၀ ရက် ၂၀၂၂
ဗုဒ္ဓဟူးနေ့က ကွန်ဂရက်စ်အဆောက်အဦထဲမှာ နောက်အမွှေစိန်တဦးဖြစ်တဲ့ ဘေလ်ဂိတ်စ်ကို တွေ့ရပြီး ကြာသပတေးနေ့မှာတော့ တင်မ်ကွတ်ခ်ကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါတက်ခ်သူဌေးများကို ဝါရှင်တန်မှာ တွေ့ရတဲ့အချိန်က ကွန်ဂရက်စ်က အန်တီထရပ်စ်ဥပဒေကို တင်သွင်းဖို့ ကြိုးစားနေချိန် ဖြစ်လို့ တက်ခ်လော်ဘီတွေ ခြေချင်းလိမ်နေချိန် ဖြစ်နေတာပါ။ ဒီနှစ်ကြားဖြတ်ရွေးကောက်ပွဲကလည်း သိပ်မလိုတော့ဘူးဆိုတော့ ကွန်ဂရက်စ်က ကြိုးစားနေတဲ့ အမေရိကန်အင်နိုဗေးရှင်းအန်ချိုက်စ် အွန်လိုင်းဥပဒေအတွက် ပြင်ဆင်ဖို့ အချိန်အများကြီး မကျန်တော့ပါဘူး။ ဒီနှစ် ပထမ ၃လမှာတင် ပန်းသီး၊ အမေဇုံ၊ ဂူဂယ်လ်နဲ့ ဖဘတို့က လော်ဘီဖိုး ၁၆.၇သန်း သုံးထားပြီးဖြစ်တယ်လို့ ဘလူမ်းဘတ်မှာ ဖော်ပြထားပါတယ်။ အဲဒီလော်ဘီတွေရော အမတ်တွေရောပေါင်းပြီး ရီပါဘလစ်ကန်အများစုမဖြစ်လာခင် သူတို့အသာရမယ့် ဥပဒေတွေ ကြိုပြဌာန်းထားဖို့ မောင်းတင်နေကြပုံပါပဲ။ အန်တီထရပ်စ်လို့ ခေါင်စဥ်ပေးထားပြီး ရည်ရွယ်ချက်က တက်ခ်ကုမ္ပဏီကြီးတွေကို ပြိုင်ဖက်တွေထက် သူတို့ကိုယ်သူတို့ ဖေဗာပေးထားတာကိုContinue reading “ဇွန် ၁၀ ရက် ၂၀၂၂”
ဇွန် ၈ ရက် ၂၀၂၂
မနေ့က ပြည်နယ်တချို့မှာ ပဏာမရွေးကောက်ပွဲတွေ လုပ်ကြပါတယ်။ ထူးခြားတာတခုက အမေရိကန်မှာ လက်ဝဲအယိမ်းဆုံးလို့ ပြောနိုင်တဲ့ ဆန်ဖရန်မှာ အမွှေစိန်ကျောထောက်နောက်ခံ ပေးထားတဲ့ ဒီအေချီစာဘိုဒင်ကို မဲဆန္ဒရှင် ၆၀ရာနှုန်းကျော်က ပြန်ခေါ်ဖို့ မဲပေးခဲ့ကြတာဖြစ်ပါတယ်။ ဘိုဒင်က ရာဇဝတ်သားတွေကို အစဥ်အလာ လိုအပ်ချက်တခုဖြစ်တဲ့ ငွေသားအာမခံတင်စေပြီးမှ အများပြည်သူအန္တရာယ်နဲရင် အပြင်မှာလွှတ်ထားကြတာကို ပယ်ဖျက်ပြီး ဘာမှုကျူးလွန်လွန် အာမခံမလိုပဲ ပြန်လွှတ်ပေးတာတွေ၊ ထောင်ခါတာတွေ၊ မူးယစ်ဆေးဖြန့်ဖြူးရောင်းချသူတွေကို ပြည်နှင်ဒဏ်ပေးခံရမှာစိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြစ်ဒဏ်ချမှတ်တာမျိုး လုံးဝ မလုပ်ခဲ့ဘူးလို့ အယ်လ်အေတိုင်းစ်က ဆိုပါတယ်။ ဘိုဒင်နဲ့ အလားတူ ပရိုဂရက်ဆစ်ဒီအေတွေဖြစ်ကြတဲ့ ဖီလာဒဲလ်ဖီးယားက လာရီကရက်စ်နာ၊ အယ်လ်အေက ဂျော့ဂျ်ဂက်စ်ကွန်၊ မန်ဟက်တန်က အယ်လ်ဗင်ဘရက်ဂ်တို့လည်း မျက်ခုံးလှုပ်နေလောက်ပါပြီ။ အဲဒီလို ရာဇဝတ်သားတွေအပေါ် သိပ်သက်ညှာလွန်းတာကတော့ အမွှေစိန်ရဲ့ စနက်ပါပဲ၊ အဲဒီခရင်မင်နယ်ဂျပ်စ်တစ်ရီဖောင်မ်းအတွက် ငွေကြေးမနည်းမနော သုံးပြီး သူ့ဩဇာခံဒီအေတွေContinue reading “ဇွန် ၈ ရက် ၂၀၂၂”
ဇွန်လ ၇ ရက် ၂၀၂၂
နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့က အဘောရှင်းဆန့်ကျင်သူတွေ ဖွင့်ထားတဲ့ ကိုယ်ဝန်သည်တွေကို အကူအညီပေးတဲ့ ရုံးခန်းကို အဘောရှင်းတက်ကြွလှုပ်ရှားသူတွေက မီးလောင်ဗုံး ပစ်သွင်းတိုက်ခိုက် ခံခဲ့ရလို့ တော်တော်လေး မီးလောင်ပျက်စီး သွားပါတယ်။ မြောက်ကာရိုလိုင်းနားပြည်နယ် အက်ရှ်ဗေးလ်မြို့က ကိုယ်ဝန်သည်တွေကို ကျန်းမာရေးစောင့်ရှောက်/တိုင်ပင်/ကူညီပေးနေတဲ့ ပရိုလိုက်ဖ်ရုံးခန်းကိုလည်း အဘောရှင်းသမားများက မှန်တွေခွဲပြီး ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီအေတွေတော်တော်များများက အမွှေစိန်တို့နဲ့ မကင်းကြတော့ ဖမ်းဖို့ ဖော်ထုတ်ဖို့ကို ကြိုးစားကြမယ် မထင်ပါဘူး။ တပါတီ တဖွဲ့နဲ့ ပတ်သက်သူတွေ ဘာလုပ်လုပ် အဖမ်းမခံရပဲ ကျန်တပါတီကလူတွေ အပြစ်မလုပ်တာတောင် အမှုဆင်အဖမ်းခံနေရတာ ကြုံဖူးကြားဖူးကြပါလိမ့်မယ်။ ရိုးဗီဝိဒ်က ပြန်လှန်ခံရမယ့် အနေအထားဖြစ်နေတော့ ဒီတနွေလုံး သောင်းကျန်းကြလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဂျော့ဖလွိုက်တုန်းကလိုပဲ နေမှာပေါ့။ စတိတ်ဖမ်းအာမခံကုမ္ပဏီက သူတို့အေးဂျင့်တွေကို ပိုက်ဆံထုတ်ပေးပြီး ထရန်တွေကိစ္စ ရှေ့တန်းတင်နေတဲ့ ဂျန်ဒါကူးလ်ပရောဂျက်က ကလေးဖတ်တဲ့ စာအုပ်တွေContinue reading “ဇွန်လ ၇ ရက် ၂၀၂၂”
ဇွန် ၆ ရက် ၂၀၂၂
တက္ကဆက်စ်ပြည်နယ် ဥဗောဒီမြို့ ရော့ဘ်စ်မူလတန်းကျောင်း ပစ်ခတ်မှုမှာ ရဲတွေကို အချိန်မီ ပစ်မိန့်မပေးခဲ့တဲ့ ကျောင်းခရိုင်ရဲအကြီးအကဲ ပီတာအရီဒွန်ဒိုကို ပစ်ခတ်မှုအပြီး တပတ်အကြာမှာ မြို့ကောင်စီဝင်အဖြစ် ရွေးချယ်ခဲ့ကြသလို ကျောင်းဘုတ်အဖွဲ့ကလည်း အဲဒီရဲမှာ အပြစ်မရှိဘူးလို့ သတ်မှတ်ပြီး ရာထူးတာဝန်တွေက ရပ်နားခြင်း မပြုခဲ့ပါဘူး။ အရီဒွန်ဒိုကို သတင်းထောက်တွေက ပစ်ခတ်မှုနဲ့ပတ်သက်တဲ့ သတင်းတွေ မေးမြန်းရာမှာ မဖြေချင်သလိုလို ဖြစ်နေခဲ့လို့ ထပ်လိုက်ကြတော့မှ လူတွေသေထားတာဆိုတော့ မိသားစုတွေ ပူဆွေးသောကရောက်နေချိန်မို့လို့ မစစ်ရသေးတာပါ၊ ပြီးရင်စစ်ပါမယ်လို့ အကြောင်းပြပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့နေ့က အဲဒီလူက ပစ်မိန့်မပေးခဲ့တဲ့အတွက် သူ့အုပ်ချုပ်မှုအောက်ကမဟုတ်တဲ့ ဘော်ဒါပက်ထရိုက ဝင်ပစ်ခဲ့လို့ ၂၁ဦးနဲ့ ရပ်သွားခဲ့တာပါ။ ကျည် ၃၀၀ကျော် ဝယ်ထားတဲ့သူအတွက် ဆက်ပစ်ဦးမယ်ဆိုရင် အများကြီး ပိုဆိုးသွားနိုင်ပါသေးတယ်။ ပစ်ခတ်သူရာမို့စ်က အဖိုးအဖွားတွေအိမ် ဧည့်ခန်းမှာအိပ်ပြီး အဖွားက ဖုံးဘေလ်ကအစ ပေးနေရတာပါ။ အဖွားကိုContinue reading “ဇွန် ၆ ရက် ၂၀၂၂”
ဇွန် ၂ ရက် ၂၀၂၂
ဘိုင်ဒန်က မေ ၃၀တုန်းက အမေရိကန်အနေနဲ့ ယူကရိန်းကို ရုရှားထိရောက်အောင် ပစ်ခတ်နိုင်တဲ့ ဒုံးပျံစနစ်တွေကို ပေးပို့သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး နောက်တရက် မေ ၃၁မှာထုတ်ဝေတဲ့ နယူးယောက်တိုင်းမ်စ်မှာ ဘိုင်ဒန်က ယူကရိန်းကို အဆင့်မြင့် ဒုံးစနစ်တွေနဲ့ စစ်လက်နက်ခဲယမ်းတွေ ပေးပို့သွားတော့မယ်လို့ ဘိုင်ဒန်က ရှင်းလင်းထားကြောင်း ရေးထားပါတယ်။ အဲဒါက သန်း ၇၀၀တန် လက်နက်တွေ ယူကရိန်းကို ပို့သွားမယ့်အစီအစဥ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ဒုံးစနစ်အပြင် ဂျေဗလင် တင့်ကားပစ်ဒုံးတွေ၊ စတင်ဂါလေယာဥ်ပစ်ဒုံးတွေ၊ ရေဒါစနစ်တွေ၊ မောင်းသူမဲ့ လေယာဥ်တွေ၊ အမ်အိုင် ၁၇ ရဟတ်ယာဥ်တွေနဲ့ တခြားလက်နက်ခဲယမ်းတွေ ပါဝင်တယ်လို့ ဝက်စတန်းဂျာနယ်က ဆိုပါတယ်။ အခုပို့မယ့် လက်နက်တွေက ယူကရိန်းအနေနဲ့ ရုရှားနယ်မြေထဲအထိ ပစ်ခတ်စေနိုင်မှာဖြစ်လို့ ယူကရိန်းစစ် ပိုကြီးမားကျယ်ပြန့်လာမှာကို မလိုချင်ဘူး၊ ရုရှားနဲ့လဲ ထိပ်တိုက်မတွေ့ချင်ဘူးဆိုတဲ့Continue reading “ဇွန် ၂ ရက် ၂၀၂၂”
မေ ၃၁ ရက် ၂၀၂၂
အက်ဖ်ဘီအိုင်ကို လိမ်လည်တိုင်တန်းခဲ့တဲ့ ကလင်တန်ရှေ့နေ မိုက်ကယ်လ်ဆပ်စ်မန်အမှုက ပြီးသွားပြီဖြစ်ပြီး ရီပါဘလစ်ကန်တွေ မသင်္ကာခဲ့သလိုပဲ အပြာရင့်ရောင် နယ်မြေမှာဆိုတော့ ဂျူရီအဖွဲ့က အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ ပြောရရင် အဲဒီလို အခြေခံအချက်တွေမှာတောင် နှစ်ပါတီထောက်ခံသူတွေ ကွာကြတာပါ။ ရီပါဘလစ်ကန်နယ်မြေမှာ တရားတဘောင်ဖြစ်ကြရင် အပြစ်ထင်ရှားနေတဲ့ ရီပါဘလစ်ကန်က လွှတ်နိုင်ခြေ နည်းပါးလှပေမယ့် ဒီမိုကရက်လွှမ်းမိုးတဲ့ပြည်နယ်မှာ ပြစ်မှုထင်ရှားသော်လည်း ထိပ်တန်းဒီမိုကရက်တွေနဲ့ ပတ်သက်နေရင် ကွင်းလုံးကျွတ်လွတ်လေ့ရှိပြီး ပြစ်ဒဏ် ကျခဲ့ရင်တောင် မဖြစ်စလောက်အမှုနဲ့ အနည်းဆုံးတွေ့ပဲ ကျကြတာပါ။ အပြစ်လုပ်တဲ့ ရီပါဘလစ်ကန်ကိုလည်း ရီပါဘလစ်ကန်ချင်း အပြစ်တင်ဖို့ ဝေဖန်ဖို့ ဝန်မလေးကြပေမဲ့ ဒီမိုကရက်တွေကတော့ ကိုယ့်လူ ဘာလုပ်လုပ် မြုံနေတတ်ကြပါတယ်။ ဘိုင်ဒန်ဘယ်လောက် ခြစားစား၊ ဘယ်လောက်ပြည်သူကိုဒုက္ခပေးပေး အပြစ်မမြင်နိုင်ကြသေးတာကိုသာ ကြည့်ပါ။ Memorial Day weekend မှာ ဓါတ်ဆီဈေးတွေ ထပ်တက်သွားပြန်တဲ့အတွက် ထရမ့်လက်ကထက်Continue reading “မေ ၃၁ ရက် ၂၀၂၂”
မေ ၂၉ ရက် ၂၀၂၂
တက္ကဆက်စ်က သေနတ်သမား ဝင်သွားခဲ့တဲ့ အနောက်တံခါးကိုလည်း အဲဒီလူမဝင်ခင် မိနစ်ပိုင်းလေးမှာမှ ဆရာ/မတဦးက ဖွင့်ထားလိုက်တာပါ။ အပြင်မှာ ပစ်ခတ်သံတွေ ကြားလိုက်ရအပြီးမှာတောင် သွားပြန်မပိတ်ခဲ့တာက ခပ်ချာချာ ဆရာ/မတယောက်ရဲ့ နမော်နမဲ့ အမှားလို့ တွေးနိုင်ပေမယ့် တခြားမသင်္ကာစရာတွေကလည်း ရှိနေသေးတော့ ပဟေဠိများ ကွင်းဆက်မိတဲ့အထိ ဆက်စောင့်ကြည့်ရဦးမှာပါပဲ။ အဆောင်ဆောင်ရှိတဲ့ ကျောင်းဝင်းကြီးတခုလုံးမှာမှ အဲဒီတံခါးတပေါက်ပွင့်နေတယ်ဆိုတာ ပစ်ခတ်သူက ဘယ်လိုသိနေသလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။ ပုံမှန်ပိတ်နေရမယ့်တံခါးပေါက်တခုဟာ သေချာမပိတ်မိလို့ ဟစိဖြစ်နေရင်တောင် အဝေးက သိနိုင်ဖို့ မလွယ်ပါဘူး။ သေနတ်သမားပစ်လိုက်တဲ့ ကလေးတိုင်းကလည်း ချက်ချင်း သေသွားတာ မဟုတ်ပါဘူးလို့ သတင်းတွေ ထပ်ထွက်လာပါတယ်။ တချို့ကလေးတွေဟာ အပစ်ခံရပြီး တနာရီကျော် ကြာတဲ့အထိ ရဲကဝင်မကယ်တဲ့အတွက် သွေးလွန်သေဆုံးခဲ့ရတာပါလို့ မိဘများကို လူနာတင်ကားက ဆေးမှုးတွေက ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဖြစ်စဥ်မှာ သေဆုံး ကလေးContinue reading “မေ ၂၉ ရက် ၂၀၂၂”
မေ ၂၇ ရက် ၂၀၂၂
တက္ကဆက်စ်က သေနတ်သမားအကြောင်း သတင်းလေးတွေ ပိုထွက်လာပါတယ်။ ထုံးစံအတိုင်းပါပဲ၊ ချက်ချင်း ထွက်လာတဲ့သတင်းတိုင်းက အမှန် ဖြစ်ချင်မှ ဖြစ်တတ်သလို တခါတခါကျတော့လည်း ဖြစ်ရပ်စုံကို ရက်အတန်ကြာမှ သိလာနိုင်တာမျိုးပါ။ ထပ်ထွက်လာတဲ့ သတင်းတွေအရ လူသတ်သမားက ကျောင်းထဲမဝင်ခင် ကျောင်းပြင်မှာ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ပြောကြပြီး ကျောင်းထဲကိုတော့ သော့မခတ်ထားတဲ့ နောက်ပေါက်ကနေ ဝင်လာတာလို့ ဆိုပါတယ်။ ကျောင်းထဲကို ရဲတွေက မဝင်ပဲ ဆရာမတွေ တံခါးသော့ချထားလို့ ဝင်မရတဲ့အခန်းတွေက ကလေးတွေကိုသာ ပြူတင်းပေါက်တွေကတဆင့် ကယ်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။ လူသတ်ကောင် ဝင်ပြီး ပိတ်ထားတဲ့ အခန်းနဲ့ ကပ်လျက်အခန်းတို့မှာ ပိတ်မိနေတဲ့ ကလေးတွေက ဆရာမပြောတဲ့အတိုင်း ခုံအောက်တွေမှာ ပုန်းနေခဲ့ကြတာမှာ မသေပဲ ကျန်ခဲ့တဲ့ ကလေးတဦး ပြန်အပြောအရ ရဲက မင်းတို့ အကူအညီလိုရင် HelpContinue reading “မေ ၂၇ ရက် ၂၀၂၂”
မေ ၂၆ ရက် ၂၀၂၂
၂၄ရက်နေ့က ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဖြစ်စဥ်မှာ ပစ်ခတ်သူ ဆာလ်ဗေဒိုရာမို့စ် ကျောင်းထဲဝင်သွားပြီးတာကနေ ဘော်ဒါပက်ထရိုက ပစ်သတ်ခဲ့တဲ့အချိန်အထိ မိနစ် ၄၀-၁နာရီလောက် ကြာမြင့်ခဲ့ကြောင်း၊ သူက ဆက်နေတဲ့ စာသင်ခန်း ၂ခုရဲ့ ထဲမှာ အခိုင်အမာ ခြေကုတ်ယူထားခဲ့တာဖြစ်ကြောင်း၊ ရဲတွေက ခပ်စောစောထဲက ရောက်နေပေမယ့် တော်တော်ကြာတဲ့အထိ မဝင်ခဲ့တဲ့အတွက် မစောင့်နိုင်တော့တဲ့ မိဘတွေက “ဘာလုပ်နေတာလဲ၊ ဝင်လေ၊ မင်းတို့မဝင်ရင် ဖယ်၊ ငါတို့ဝင်မယ်၊ စသဖြင့် ပြောဆိုခဲ့တယ်လို့ ကျောင်းနားက မျက်မြင်သက်သေတွေက ပြောကြားခဲ့ကြောင်း သိရပါတယ်။ တက္ကဆက်စ်က လူထုလုံခြုံရေးဒါရိုက်တာ စတိဗ်မက္ကရောကတော့ ရဲတွေရှိပါတယ်၊ ချက်ချင်းအန်ဂေ့ချ် လုပ်တာပါပဲ၊ ရာမို့စ်ကို အခန်းထဲမှာ ပိတ်ထားနိုင်ခဲ့ပါတယ်လို့ ဖြေပါတယ်။ သူ့အဖြေက အားရစရာ မရှိတဲ့အတွက် ဒီထက်ပိုတိကျတဲ့အဖြေ မပေးနိုင်ရင် ဘာတွေ ဖုံးကွယ်ထားသလဲ၊ ပိုတိကျတဲ့အဖြေပေးဖို့ ဘာအခက်အခဲတွေContinue reading “မေ ၂၆ ရက် ၂၀၂၂”