အမေရိကန်၊ အစ္စရေးနဲ့ အီရန်စစ်မှာ ပါကစ္စတန်၊ တူရ်ကီ၊ အိုမန်၊ ကာတာနဲ့ တရုတ်တို့က ကြားဝင် ညှိနှိုင်းပေးသူအနေနဲ့ ကြိုးစားခဲ့ကြပေမယ့် ဝါရှင်တန်နဲ့ရော တီဟီရန်နဲ့ပါ အလွမ်းသင့်တဲ့ ပါကစ္စတန်က အဓိကဖြန်ဖြေသူ ဖြစ်လာခဲ့ပါတယ်။ ပါကစ္စတန်ကိုယ်တိုင်က ပဋိပက္ခကင်းနေသူတော့ မဟုတ်ပါဘူး။ အာဖဂန်နဲ့စစ်ပွဲကို အိဒ်ကာလအတွက် ဆော်ဒီ၊ တူရ်ကီ၊ ကာတာတို့ဖြန်ဖြေပေးမှုနဲ့ ခေတ္တ ရပ်နားခဲ့တာက ခုပြန်စနေပြီဖြစ်ပြီး အိန္ဒိယနဲ့ စစ်ပွဲတုန်းကလည်း အမေရိကန်က ဖြန်ဖြေပေးခဲ့ရတာပါ။ အမေရိကန် အစ္စရေးနဲ့ အီရန်ကြား ဖြန်ဖြေဖို့ အကြိုးစားခဲ့ဆုံးကတော့ တရုတ်ပါ၊ အဲဒီမှာ အောင်မြင်စွာ ဖြန်ဖြေပေးနိုင်ခဲ့ရင် တရုတ်ဝါးမြိုချင်နေတဲ့ အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှနိုင်ငံတွေ အမြင်မှာ အားကိုးစရာဖြစ်လာမှာကို မျှော်လင့်နေတာပါ။ ဒါပေမယ့် အမေရိကန်ရဲ့ အကျိုးစီးပွား လိုလားသူလည်း မဟုတ်၊ စနစ်ချင်းကလည်းContinue reading “Operation Epic Fury (33)”
Author Archives: Omma
Operation Epic Fury (32)
ဒီနေ့ အစ္စရေးစစ်တပ်က ကြိုတင်သတိပေးထားတဲ့အတိုင်း အီရန်အလယ်ပိုင်း Yazd က ယူရေနီယံ ထုတ်လုပ်တဲ့ Ardakan Yellowcake Production Plant ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာ သန့်စင်ပြီး ယူရေနီယံရလာဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေကို တူးဖော်ပြီး စက်မှုနည်း ဓါတုနည်းတွေနဲ့ ကုန်ချော ထုတ်လုပ်တဲ့ တခုတည်းသောစက်ရုံဖြစ်ပြီး နျူလက်နက်မှာ သုံးစွဲနိုင်တဲ့ nuclear fuel cycle ရဲ့ ကနဦး ထုတ်လုပ်တဲ့အဆင့်တွေမှာ အရေးပါတဲ့စက်ရုံလို့ အစ္စရေးတို့က ဖော်ပြထားပါတယ်။ ဒီစက်ရုံကို တိုက်ခိုက်ဖျက်ဆီးခြင်းဖြင့် အီရန်ဟာ နောက်နောင် နျူလက်နက်ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေ (လွယ်လွယ်) မရနိုင်တော့ပဲ ဖြစ်သွားမယ်လို့ ဆိုပါတယ်။ အစ္စရေးတပ်တွေက Ardakan က စက်ရုံအပြင် နျူထုတ်လုပ်မှုနဲ့ ဆက်စပ်နေတဲ့ Arak heavy-waterContinue reading “Operation Epic Fury (32)”
Operation Epic Fury (31)
ဒီနေ့တော့ ဒီစစ်ကို ဘာကြောင့်စခဲ့ရတယ်ဆိုတဲ့အကြောင်းရင်းမှန်ကို စစ်မစခင် တပတ်အလိုမှာ သမ္မတထရမ့်က Bill O’Reilly ကို ပြောခဲ့တဲ့အကြောင်းလေးနဲ့ စဖွင့်ပါမယ်။ ဒီသမ္မတက တချို့တွေလိုမျိုး ပါးစပ်က ငြိမ်းချမ်းရေးအော်ပြီး တကယ်တမ်းစစ်တိုက်ချင်နေတဲ့သူမျိုး မဟုတ်ပါဘူး၊ သံတမန်နည်းအရ ဖြေရှင်းဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေ အကုန်ရှာခဲ့ပြီ၊ တဖက်မှာလည်း အန္တရာယ်က အရမ်းကိုနီးကပ်နေပြီ၊ အဲဒီအချိန်မှာ မူလာတွေကလည်း အချိန်တိုလေးအတွင်းမှာပဲ အတူရှိကြမှာဆိုတော့ ရွေးစရာမရှိတော့တဲ့အချိန်မှာ တိုက်ဖို့ဆုံးဖြတ်ချက်ကို ချလိုက်တာလို့ အိုရိုင်းလီက ဆိုပါတယ်။ သမ္မတထရမ့်က အီရန်နဲ့ ဆွေးနွေးမှုတွေ တိုးတက်တဲ့အတွက် လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကို တိုက်မယ့်ပလန်ကို ၅ရက်ကနေ ၁၀ရက် (ဧပြီ ၆ရက် တနင်္လာနေ့ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ည၈နာရီ) သို့ တိုးမြှင့်ရွေ့ဆိုင်းလိုက်တယ်လို့ ကြေငြာသွားပါတယ်။ အစ္စရေးက အီရန်လွှတ်တော် စပီကာနဲ့ နိုင်ငံခြားဝန်ကြီးတို့ကို သုတ်သင်မယ့်စာရင်းထဲကနေ ခေတ္တချမ်းသာပေးထားလိုက်ပါတယ်။Continue reading “Operation Epic Fury (31)”
Operation Epic Fury (30)
အီရန်က ပြည်သူအပေါ်ရက်စက်တဲ့ အကြမ်းဖက်မူလာတွေကို စာနာပြနေကြသူတွေက အမြဲလိမ် မီဒီယာတွေကို ကိုးကားပြီး အီရန်က ထရမ့်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းနေတာ မဟုတ်ပါဘူး၊ ထရမ့်က လိမ်နေတာပါလို့ ထုံးစံအတိုင်း ဖွကြပေမယ့် အီရန်အစိုးရထိပ်ပိုင်းကလာတဲ့ ရင်းမြစ်တွေကတော့ ယူအက်စ်နဲ့ အီရန်ကြား ဆက်သွယ်မှုတွေ ရှိနေတယ်လို့ အတည်ပြုသွားပါတယ်။ ယူအက်စ်ဘက်က ၁၅ချက်ပါ အပစ်ရပ်ကမ်းလှမ်းချက်ကို ချပြခဲ့ပြီး အီရန်မှာ တွင်းအောင်းနေရတဲ့ မူလာတွေက ရယ်စရာကောင်းတဲ့ တောင်းဆိုချက် ၅ခုနဲ့ တုန့်ပြန်ကြပါတယ်။ အမေရိကန်ရဲ့ ကမ်းလှမ်းချက် ၁၅ခုအနက် ၁၄ခုက ၁။ အီရန်ရဲ့ လက်ရှိနျူကလီးယားစွမ်းရည်များကို ဖျက်သိမ်းဖို့၊ ၂။ အီရန်က နျူကလီးယားလက်နက်များကို ထုတ်လုပ်ဖို့ ဘယ်တော့မှ မကြိုးစားရန် ကတိပြုဖို့၊ ၃။ အီရန်ပိုင်နက်ထဲမှာ ယူရေနီယမ် သန့်စင်မှု မပြုဖို့၊ ၄။ အီရန်ရဲ့Continue reading “Operation Epic Fury (30)”
Operation Epic Fury (28)
သမ္မတထရမ့်က အီရန်ဖက်နဲ့ စကားပြောအပြီးမှာ တိုးတက်မှုရှိတဲ့အတွက် ဟော်မုဇ်ပြန်ဖွင့်ဖို့ ၄၈နာရီရာဇသံကို ၅ရက်သို့ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ သမ္မတထရမ့်က “ပြီးခဲ့တဲ့ ၂ရက်လုံး အရှေ့အလယ်ပိုင်းက ရန်လိုမှုများချုပ်ငြိမ်းရေးအတွက် အီရန်နဲ့ အကျိုးရှိ/ ကောင်းမွန်တဲ့စကားတွေ ပြောဖြစ်ခဲ့ပါတယ်၊ လေသံနဲ့ စကားအသွားအလာ၊ လေးနက်မှု၊ အသေးစိတ်ကျမှုနဲ့ အပြုသဘောဆောင်မှုတွေကြောင့် ငါတို့တပ်တွေကို လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေနဲ့ energy infrastructure ကို တိုက်ခိုက်မယ့်အစီအစဥ်ကို ၅ရက်အထိရွှေ့ဆိုင်းဖို့ အမိန့်ပေးထားလိုက်ပါပြီ၊ ဒီကြားထဲမှာလည်း စကားဆက်ပြောသွားမှာပါ၊ အဲဒီလိုဆက်ပြောတာတွေ အဆင်ပြေရင်ပေါ့” လို့ ရေးသားသွားပါတယ်။ သတင်းတွေမှာ ပြန့်နှံ့နေတာက အီရန်ဘက်က အမေရိကန်နဲ့ ဦးဆောင်ဆွေးနွေးသူဟာ လွှတ်တော် စပီကာ Mohammad-Bagher Ghalibaf လို့ ဆိုကြပေမယ့် အဲဒီစပီကာကတော့ အဲဒါ fake news ပါ၊ သူ ထရမ့်နဲ့ စကားမပြောခဲ့ပါဘူး၊Continue reading “Operation Epic Fury (28)”
Operation Epic Fury (27)
ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ဖို့ ထရမ့်က ရာဇသံပေးထားတာနဲ့ပတ်သက်ပြီး အီရန်နိုင်ငံခြားဝက Abbas Araghchi က “ဟော်မုဇ်က ပိတ်မထားပါဘူး၊ မင်းစခဲ့တဲ့စစ် (ငါတို့စတာမဟုတ်)ကြောင့် အာမခံကုမ္ပဏီက အာမခံမပေးလို့ သင်္ဘောတွေက သွားဖို့ တုန့်ဆိုင်းနေကြတာပါ၊ ဘယ်အာမခံကုမ္ပဏီ ဘယ်အီရန်မှ ခြိမ်းခြောက်လို့ ယိမ်းယိုင်သွားမှာ မဟုတ်ပါဘူး၊ လေးစားမှုလေးထားကြည့်ပါလား” လို့ တုန့်ပြန်သွားပါတယ်။ ဖြတ်သန်းခ ၂သန်းတောင်းတာ၊ ယွမ်နဲ့ဝယ်ရင် ပေးသွားမယ်ပြောတာ၊ အမေရိကန်နဲ့ အစ္စရေးသံတမန်တွေနှင်ထုတ်ရင် သင်္ဘောပေးသွားမယ်ဆိုတာတွေက သူတို့မြှူဆွယ်/ ခြိမ်းခြောက်တာ မဟုတ်ခဲ့သလိုပါပဲ။ ရာဇသံပေးထားစဥ်ကာလမှာ အမေရိကန်တွေကအိုင်ဆန်ဟောင်ဝါခေတ်ထဲက သုံးခဲ့တဲ့ B-52 ဗုံးကြဲလေယာဥ်တွေနဲ့ အီရန်ပစ်မှတ်တွေကို ဆက်လက်ဖျက်ဆီးနေတာပါ။ ပင်တဂွန်ကတော့ B-52 တွေထက် ၂၅% ပိုမြန်တဲ့ B-21 Raider တွေနဲ့ အစားထိုးဖို့ အမြန်ဆုံးထုတ်လုပ်နေပြီဖြစ်ပါတယ်။ မနေ့က အနောက်နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ အီရန်ရဲ့Continue reading “Operation Epic Fury (27)”
Operation Epic Fury (26)
ဒီနေ့ သမ္မတထရမ့်က “ဟော်မုဇ်ကို ခြိမ်းခြောက်မှုမပါပဲ ၄၈နာရီအတွင်း အပြည့်အဝ ပြန်ဖွင့်ပါ၊ သတ်မှတ်ချိန်အတွင်း ပြန်မဖွင့်ခဲ့ရင် ဓါတ်အားပေးစက်ရုံတွေကို တိုက်ခိုက်သွားမယ်၊ အကြီးဆုံးကို အရင်ဆုံးစဆော်မယ်” လို့ ရာဇသံပေးလိုက်ပါပြီ။ ပြည်သူနဲ့ တိုင်းပြည်နစ်နာမှာမကြောက်တဲ့ အီရန်က ဖွင့်ပါပြီလို့ ပြောမှာမဟုတ်တော့ ပြန်ဖွင့်/မဖွင့် ဘယ်လိုစမ်းမှာလဲဆိုတာ စိတ်ဝင်စားစရာပါ။ အီရန်ဘက်ကလည်း ငြိမ်းချမ်းရေးအတွက်ဆိုပြီး တောင်းဆိုမှုတွေ ပြုလုပ်လာပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေထဲမှာ တကယ်ဆွေးနွေးချင်တဲ့ ဆန္ဒရှိရင် ဖြစ်နိုင်တဲ့ နီးစပ်တဲ့ အခြေအနေတခုကို ကမ်းလှမ်းရမှာပါ။ ခေါင်းဆောင်တွေရော ရေတပ် လေတပ်ရော လေ/ကာစနစ်ရော တခုမှမကျန်တော့ပဲ လေကြီးနေတာက သူတို့အတွက်ရော ပြည်သူတွေအတွက်ပါ အကျိုးမရှိပါဘူး။ ထရမ့်အစိုးရကလည်း အီရန်ဖက်က အလျော့ပေးလာအောင် ဘာလုပ်ရမယ်ဆိုတာ ဆွေးနွေးနေကြပြီး စစ်ရပ်ဖို့ သဘောတူညီရမယ်ဆိုရင် အီရန်ဖက်က အရင်ဆုံး ဟော်မုဇ်ကို ဖွင့်ပေးရမယ်၊Continue reading “Operation Epic Fury (26)”
Operation Epic Fury (25)
ဒီကနေ့ အစ္စရေးရဲ့ ဒရုန်းနဲ့ ရှင်းလင်းခံရသူ ၂ဦးက IRGC ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ali Mohammad Naini နဲ့ ၂၀၂၀တုန်းက နပမ်းချန်ပီယံ Navid Afkari ကို သေဒဏ်ပေးခဲ့တဲ့ (မ)တရားသူကြီး Mohammad Khosravani တို့ ဖြစ်ပါတယ်။ အဆိုးရကို ဆန့်ကျင်သူတွေ အတော်များများကို သေဒဏ်ပေးခဲ့တဲ့ ခိုစရာဗာနီကို သူ့ကားထဲမှာရှိနေစဥ် ဒရုန်းနဲ့ ရှင်းလိုက်တာဖြစ်ပါတယ်။ မနေ့က လူမြင်ကွင်းမှာ ကြိုးပေးခံခဲ့ရတဲ့ နပမ်းချန်ပီယံလေးကို သေဒဏ်ပေးတာ သူဟုတ်/မဟုတ် မသိရပေမယ့် အာဏာရှင်အောက်ဆွဲများထုံးစံအတိုင်း အစိုးရကိုဆန့်ကျင်လို့ သေဒဏ်ချခံရတယ် ဆိုတာမျိုး အမြင်မခံလိုကြပါဘူး။ အဲဒါကြောင့် ဘုရားသခင်ကို စစ်ဆင်သူလို့ ဝန်ခံလာအောင် နှိပ်စက်ပြီးမှ အဲဒီအမှုနဲ့ သေဒဏ်ပေးခဲ့တာဖြစ်ပါတယ်။ တန်းဝင်တဲ့ အားကစားသမားတဦး ဖြစ်လာအောင် နှစ်ပေါင်းများစွာ အချိန်ပေးကြိုးစားရင်တောင်Continue reading “Operation Epic Fury (25)”
Operation Epic Fury (24)
အီရန်မှာ စစ်ဆင်ရေးသွားခဲ့တဲ့ F-35 တိုက်လေယာဥ်ဟာ အရှေ့အလယ်ပိုင်းက အမေရိကန် စစ်အခြေစိုက်စခန်းမှာ အရေးပေါ်ဆင်းသက်ခဲ့ရပြီး လေသူရဲဟာ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေကြောင်းနဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း CENTCOM ပြောရေးဆိုခွင့်ရှိသူက ရှင်းသွားပါတယ်။ IRGC က သူတို့ပစ်ချတာပါ၊ ပျက်ကျဖို့များပါတယ်လို့ ဗီဒီယိုတင်ထားပေမယ့် အဲဒီဗီဒီယိုထဲမှာ လေယာဥ်ကို ဖျက်ချတဲ့ ဒုံးက ပေါက်ကွဲတာကို ပြနေပေမယ့် လေယာဥ်ကို ထိထားတာ မတွေ့ရသလို ဒီစစ်ဆင်ရေး စကတည်းက အီရန်ဘက်က အမေရိကန်/အစ္စရေးလေယာဥ်တွေကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တာလည်း တစီးမှမရှိခဲ့ဘူးဆိုတော့ ဗီဒီယိုအစစ်မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြပါတယ်။ မတ်လ ၁၇ရက်နေ့က သုတ်သင်ခံလိုက်ရတဲ့ စစ်ခေါင်းဆောင် လာရီဂျာနီရဲ့ နေရာမှာ အသက် ၆၈နှစ်ရှိ ကာဝန်ဟောင်း Hossein Dehghan ကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ ဟိုစိန်က ကာဝန်ရာထူးကContinue reading “Operation Epic Fury (24)”
Operation Epic Fury (23)
အစ္စရေးတို့ရဲ့ လူဆိုးရှင်းလင်းတဲ့ပွဲမှာ ဒီနေ့အလှည့်ကျသူက အီရန်ထောက်လှမ်းရေးဝက Esmaeil Khatib ဖြစ်ပါတယ်။ သူသည်လည်း ဆန္ဒပြသူတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ အဓိကတရားခံတဦး ဖြစ်သလို ကမ္ဘာတလွှားက အကြမ်းဖက်တွေကို ဦးဆောင်ပြီး အမေရိကန်နဲ့ အစ္စရေးတို့ကို တိုက်ခိုက်စေသူ ဖြစ်ပါတယ်။ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့သူကို စေလွှတ်ခဲ့တာလည်း သူပါပဲ။ အစ္စရေးတပ်တွေဟာ အီရန်နဲ့ သူ့ရဲ့ proxy ဖြစ်တဲ့ လက်ဘနွန်က ဟဇ်ဘိုလာ ပစ်မှတ်တွေကို ဒီနေ့ လက်ဆောင်အကြီးကြီးပေးသွားဖို့ရှိတယ်လို့ အစ္စရေးကာဝန် Katz က ပြောသွားပါတယ်။ ဘီဘီနဲ့ ကက်ဇ်တို့က အီရန်ထိပ်ပိုင်းလက်ကျန်တွေကို ဆက်ရှင်းဖို့ အထက်ကို အမိန့်ထပ်တောင်းနေစရာ မလိုအောင် ခွင့်ပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အီရန်အဆိုးရရဲ့ Basij တပ်တွေဟာ အစ္စရေးတို့ရဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကို ရှောင်ရှားဖို့ တံတားအောက်တွေ၊Continue reading “Operation Epic Fury (23)”