ဒီနေ့မှာ သမ္မတထရမ့်က Project Freedom ကို စတင်လိုက်ကြောင်း ကြေငြာသွားပါတယ်။ အဆိုပါ ပရောဂျက်က ဟော်မုဇ်မှာ ပိတ်မိနေတဲ့ သင်္ဘောတွေ ဘေးကင်းရန်ကင်းထွက်ခွာနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေက အမေရိကန်ဆီကို အကူအညီ တောင်းလာကြတာကြောင့် အမေရိကန်တပ်တွေက သူတို့ ဖြတ်သန်းနိုင်အောင် ကူညီပေးမယ့်လုပ်ငန်းစဥ် ဖြစ်ပါတယ်။ ဒေသစံချိန် မနက်ဖြန် မနက် စမှာပါ။ အဆိုပါနိုင်ငံတွေဟာ အရှေ့အလယ်ပိုင်းပဋိပက္ခနဲ့ လုံးဝမသက်ဆိုင်တဲ့အတွက် အီရန်၊ အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ကောင်းဖို့အတွက် လူသားချင်း စာနာထောက်ထားမှုကို ရှေ့ရှုပြီး ယခုလို ကူညီဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။ သမ္မတထရမ့်က အခုလို လူသားချင်းစာနာလို့ ကူညီပေးတဲ့ လုပ်ငန်းစဥ်ကို နှောက်ယှက်ခဲ့ရင် အင်နဲ့အားနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်လို့ ဆိုပါတယ်။ အဆိုပါနိုင်ငံတွေက ဟော်မုဇ်က သင်္ဘောတွေ ထွက်ခွာပြီးရင် ဒီဒေသContinue reading “Operation Epic Fury (65)”
Category Archives: Uncategorized
ပူလစ်ဇာဆုရ စိတ်ကုဆရာဝန် ဂျာနယ်လစ်တဦးရဲ့ ထရမ့်အပေါ် အမြင်
ဒီဆောင်းပါးက Charles Krauthammer မကွယ်လွန်မီ ၃လအလို ၂၀၁၈ မတ်လတုန်းက ဝါရှင်တန်ပို့စ်မှာ ရေးခဲ့တာ ဖြစ်ပါတယ်။ Charles က အလယ်အလတ်လစ်ဘရယ်တဦးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ လွတ်လပ်သော ကွန်ဆာဗေးတစ်တဦးနဲ့ နိုင်ငံရေးဂုရုတဦး ဖြစ်လာခဲ့သူပါ။ သူဟာ ၁၉၈၇တုန်းက ဝါရှင်တန်ပို့စ်မှာ ရေးခဲ့တဲ့ ကော်လံကနေ ပူလစ်ဇာဆု ရရှိခဲ့ပါတယ်။ ဆောင်းပါးရှင်ဟာ ငယ်စဥ်က ဟားဗတ်မှာ ဆေးကျောင်း ပထမနှစ် တက်နေစဥ် ရေကူးကန်ထဲ ဒိုင်ဗင်ထိုးရင်း မတော်တဆဖြစ်ခဲ့လို့ အောက်ပိုင်းသေသွားခဲ့ပါတယ်။ ဆေးရုံမှာ ၁၄လ နေခဲ့ပြီးနောက် ဆေးကျောင်းကိုပြန်လာတက်ပြီး စိတ်ကုဆရာဝန် ဖြစ်လာခဲ့ပါတယ်။ သမ္မတကာတာ အစိုးရအဖွဲ့မှာ စိတ်ကုသုတေသနအဖွဲ့ရဲ့ ဒါရိုက်တာဖြစ်လာပြီး နောက်တော့ ဒုသမ္မတ ဝေါ်လ်တာမွန်ဒေးလ် ရဲ့ မိန့်ခွန်းရေးသူ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ သူက ကော်လံစားနဲ့ နိုင်ငံရေးဝေဖန်သူContinue reading “ပူလစ်ဇာဆုရ စိတ်ကုဆရာဝန် ဂျာနယ်လစ်တဦးရဲ့ ထရမ့်အပေါ် အမြင်”
Operation Epic Fury (64)
အမေရိကန်ရဲ့ ပိတ်ဆို့ထားမှုကြောင့် ဗိုက်နာလာပြီဖြစ်တဲ့ အီရန်ဟာ အရင်ကအမြဲတောင်းဆိုခဲ့တဲ့ ဆွေးနွေးပွဲတွေ ပြန်မစခင် ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးရမယ်ဆိုတဲ့အချက်ကို ထပ်မံရှေ့တန်းတင် မလာတော့ပါဘူး။ ဒီနေ့မှာ အီရန်ဘက်က ၁၄ချက်ပါဝင်တဲ့ အဆိုပြုလွှာကို ပါကစ္စတန်ကတဆင့် ပေးအပ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဆွေးနွေးပွဲတွေ ပြန်စချင်ပေမယ့် နျူကိစ္စကို ရွှေ့ဆိုင်းထားချင်သေးသလို ဒုံးကျည်တွေကိစ္စကိုလည်း ထည့်မပြောထားဘူးလို့ WSJ က တင်ပြထားပါတယ်။ အဆိုသစ်အရနျူကိစ္စကို ဆန်ရှင်ဖယ်ပေးဖို့နဲ့ အပေးအယူလုပ် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ သူတို့အဆိုကို ဆွေးနွေးဖို့ ဝါရှင်တန်က သဘောတူတယ်ဆိုရင် လာမယ့်အပတ် အစောပိုင်းမှာ အမေရိကန်နဲ့ ဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ပါကစ္စတန်ကနေတဆင့် ပြောကြားသွားပါတယ်။ အီရန်ဘက်က အခုလိုသဘောထားပြောင်းလဲလာတာဟာ ဒီတပတ်ထဲမှာ အီရန်စစ်စခဲ့တာ ရက် ၆၀ ကျော်သွားပြီ ဖြစ်လို့ ကွန်ဂရက်စ်ကို အစီရင်ခံရာမှာ ဟက်ဆက်သ်က အီရန်နဲ့Continue reading “Operation Epic Fury (64)”
Operation Epic Fury (63)
မနေ့က အီရန်က ဝါရှင်တန်ကို အဆိုပြုချက်တခု ကမ်းလှမ်းခဲ့ပါတယ်။ အရင်အတိုင်း မဲပြာပုဆိုးပါပဲ။ ဆီဈေးတွေကြီးလာပြီဖြစ်လို့ ဘလော့လုပ်ထားတာ ဖယ်ပေးပါ၊ နျူကိစ္စနောက်မှပြောကြတာပေါ့တဲ့။ ဆီဈေးတက်လို့ ကမ္ဘာ့ပြည်သူတွေကြပ်တည်းမှာပဲ ပူပန်နေသယောင်ယောင်ပါ။ ပါကစ္စတန်ကို မယုံဘူးဆိုတဲ့ အသံထွက်လာပေမယ့် တခြားရွေးစရာလည်းမရှိတော့ ပါကစ္စတန်က တဆင့်ပဲ ကမ်းလှမ်းခဲ့တာပါ။ သမ္မတထရမ့်ကတော့ နျူမပါရင် ဆက်ပိတ်ထားရုံပဲလို့ ဆိုပါတယ်။ အစ္စရေးကတော့ စိတ်မရှည်ဟန်ပါပဲ။ အစ္စရေး ချန်နယ် ၁၂က အမေရိကန်ဦးဆောင်တဲ့ အီရန်နဲ့ ဆွေးနွေးပွဲတွေ မအောင်မြင်တော့ဘူးလို့ ကြေငြာချင်နေပါပြီလို့ ဆိုပါတယ်။ အဲဒီလို ဖြစ်လာခဲ့ရင် အစ္စရေးက ရေနံတင်ပို့တဲ့ အဓိကတာမီနယ်ကြီးတွေအပါအဝင် အီရန်ရဲ့ စွမ်းအင်ချက်ကောင်းနေရာ တွေကို တိုက်ခိုက်ဖို့ အမေရိကန်က ခွင့်ပြုလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီလိုအမိန့်ပေးနိုင်ဖို့က အမေရိကန်လက်ထဲမှာဆိုတော့ သမ္မတထရမ့်ရဲ့ အစီအမံကိုပဲ လိုက်နာကြရမှာပါ။ ဟော်မုဇ်ကို ဖြတ်သန်းမယ့်Continue reading “Operation Epic Fury (63)”
HMS Trump Bell
မနေ့က သမ္မတထရမ့်က ချားလ်စ်ဘုရင်ကို တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲမှာ ချားလ်စ်ဘုရင်က သမ္မတထရမ့်ကို လက်ဆောင်တခု ပေးခဲ့ပါတယ်။ အဲဒီလက်ဆောင်က HMS Trump တော်ဝင်ရေငုပ်သင်္ဘောပေါ်က ကြေးခေါင်းလောင်းဖြစ်ပြီး ခေါင်းလောင်းပေါ်မှာ သင်္ဘောနာမည် Trump နဲ့ စတင်အမှုထမ်းတဲ့နှစ်ဖြစ်တဲ့ ၁၉၄၄ လို့ ရေးထွင်းထားပါတယ်။ သမ္မတထရမ့် မမွေးခင် ၂နှစ်အလိုပါ။ အဆိုပါသင်္ဘောက T Class ဖြစ်ပြီး Barrow စက်မှုဆိပ်ကမ်းမြို့က British Engineering Conglomerate ဖြစ်တဲ့ Vickers-Armstrongs က တည်ဆောက်ခဲ့တာပါ။ ၁၉၄၄ မတ်လ ၂၅ရက်နေ့မှာ ရေချခဲ့ပြီး သူ့သက်တမ်းအတော်များများကို ဩစတေးလျမှာ အခြေစိုက်တဲ့ 4th Submarine Squadron မှာ အမှုတော်ထမ်းရွက်ခဲ့တာဖြစ်ပါတယ်။ ဩစတေးလျမှာထားတဲ့ နောက်ဆုံး တော်ဝင်ရေငုပ်သင်္ဘောဖြစ်ပါတယ်။ ဩစတေးလျကနေ ယူကေကိုContinue reading “HMS Trump Bell”
Operation Epic Fury (62)
နောက်ဆုံးသတင်းမှာ အီရန်က ဟော်မုဇ်ဖွင့်ပေးပါမယ်၊ သူ့တို့ကို ပိတ်ဆို့ထားတာတွေ ဖယ်ပေးပါတဲ့။ နျူကိစ္စကျတော့ နောက်မှပြောရအောင်တဲ့။ CNN အကြည့်များပြီး ထရမ့်ကို ငပေါကြီးလို့ထင်နေပုံပါ။ နျူကိစ္စက ပထမလေ၊ နျူမပါရင် ဒီစစ်တောင် ဖြစ်ချင်မှ ဖြစ်လာမှာ။ US ကုလသံအမတ် Mike Waltz က အီရန်ကို “ဟော်မုဇ်က မင်းတို့ကျုံးနဲ့ ဆွဲတံတား မဟုတ်၊ toll road လည်း မဟုတ်လို့ အဲဒါနဲ့ အကြပ်ကိုင်ချင်တိုင်း ကိုင်နေလို့မရဘူး၊ အရေးကြီးတဲ့ ရေလမ်းကြောင်းတွေဆိုတာ အရေးကြီးလွန်းလို့ အနှောက်အယှက်မပြုဖို့လိုတယ်၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ ကမ္ဘာ့စီးပွားရေးကို ကာကွယ်ဖို့ အမေရိကန်နဲ့အတူ နိုင်ငံ ၁၀၀ကျော် သဘောတူထားကြပြီလို့ ပြောသွားပါတယ်။ အီရန်နိုင်ငံခြားရေးဝက အာရာ့ချီကတော့ ပြီးခဲ့တဲ့ သောက်ြာတုန်းက အမေရိကန်အဖွဲ့လာမယ့်အချိန်နဲ့ နဲနဲကြိုပြီး ပါကစ္စတန်ကိုသွား၊Continue reading “Operation Epic Fury (62)”
တတိယမြောက် လုပ်ကြံဖို့ ကြိုးစားမှု (အဆက်)
စနေနေ့က သမ္မတကို လုပ်ကြံဖို့ ကြိုးစားသူဟာ သမ္မတရော အစိုးရအဖွဲ့ဝင်များနိုင်သလောက် များများကို ရှင်းပစ်ချင်တာလို့ ဆိုထားသူပါ။ သူက ကာလီဖိုးနီးယားကနေ ရှီကာဂိုကိုရထားစီး၊ အဲဒီကနေ ဒီစီကို ရထားနဲ့ သူ့လက်နက်တွေနဲ့ လာခဲ့ပြီး ပွဲလုပ်တဲ့ဟိုတယ်မှာပဲ လက်နက်တွေနဲ့အတူ ပွဲမတိုင်ခင် တရက်ကြိုတည်းခဲ့တာပါ။ တည်းပြီး လုံခြုံရေးအနေအထားကို တချက်လျောက်ကြည့်တော့ သူထင်ခဲ့တာက အကွေ့တိုင်းမှာ လုံခြုံရေးကင်မရာတွေရှိမယ်၊ ဟိုတယ်ခန်းတွေကို အန္တရာယ် ရှိ/မရှိ သေချာရှာမယ်၊ ၁၀ပေတိုင်းမှာ လက်နက်ကိုင်လုံခြုံရေးတွေ ရှိမယ်လို့ပါ။ တကယ်တမ်းကျတော့ လျော့တိလျော့လျဲ ဘဝင်လေဟပ်နေပုံရတဲ့ လုံခြုံရေးတွေပဲ ရှိတဲ့အတွက် စက်သေနတ်အပြင်းစား ယူလာရင်တောင် ရနိုင်မယ်လို့ Manifest မှာ ရေးထားပါတယ်။ စနေနေ့က သမ္မတထရမ့်နဲ့အဖွဲ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့သူနဲ့ ပတ်သက်ပြီး အိုဘမက အကြမ်းဖက်မှုက ငါတို့ဒီမိုကရေစီမှာ နေရာမရှိဘူးလို့ ဆိုပေမယ့်Continue reading “တတိယမြောက် လုပ်ကြံဖို့ ကြိုးစားမှု (အဆက်)”
တတိယအကြိမ် လုပ်ကြံဖို့ကြိုးစားမှုနဲ့ ပတ်သက်တဲ့ သတင်းများ
မနေ့က ဖြစ်ပွားခဲ့တဲ့ လုပ်ကြံဖို့ကြိုးစားမှုမှာ ကာလီဖိုးနီးယားတောင်ပိုင်း Torrance မြို့က အသက် ၃၁နှစ်ရှိသူက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ Cole Tomas Allen ဆိုတဲ့ အဲဒီလူက C2 Education ဆိုတဲ့ ပြည်နယ် ၁၃ခုမှာ အခွဲပေါင်းများစွာရှိတဲ့ မြန်မာလို ကျူရှင်လို့ခေါ်ကြတဲ့ အလွတ်သင်ကျောင်းက အချိန်ပိုင်း ဆရာတဦးဖြစ်ပါတယ်။ သူက WHCD ကျင်းပတဲ့ Washington Hilton ကို ဝင်တဲ့အချိန်မှာ သေနတ်ရှည်တလက်၊ အတိုတလက်နဲ့ ဓါးအချို့ ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ Secret Service အရာရှိတဦး အနီးကပ်အပစ်ခံရပေမယ့် ကျည်ကာ vest ကြောင့် ဒဏ်ရာ မပြင်းဘူးလို့ ဆိုပါတယ်။ သူက ပွဲကျင်းပရာနေရာကို မဝင်ခင် စစ်ဆေးတဲ့နေရာကို အမြန်ဖြတ်ပြေးဝင်ခဲ့တာပါ။ အပြေးမြန်လို့ အံ့အားသင့်နေတဲ့ရဲတွေကContinue reading “တတိယအကြိမ် လုပ်ကြံဖို့ကြိုးစားမှုနဲ့ ပတ်သက်တဲ့ သတင်းများ”
Operation Epic Fury (61)
အမေရိကန်အဖွဲ့နဲ့ တွေ့ဖို့လာတာမဟုတ်ဘူးလို့ အာရာ့ချီက ငြင်းဆိုနေတဲ့အတွက် သမ္မတထရမ့်က ပါကစ္စတန်ကို ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေတဲ့ စတိဗ်ဝစ်ကော့ဖ်နဲ့ ဂျာရက်ခရုဇ်နာတို့ကို ပြန်ခေါ်ပြီး ခရီးစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း ကြေငြာသွားပါတယ်။ အဲဒီလို ဖျက်သိမ်းပြီဆိုတော့မှ ၁၀မိနစ် အတွင်း နောက်ထပ်စာတစောင် ထပ်ရောက်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမှာလည်း အမေရိကန်လိုချင်တဲ့အချက်တွေ မပါနေပြန်ပါဘူး၊ အင်္ဂါနေ့ဆိုတာ ကလည်း အဝေးကြီးလိုသေးတယ်လို့ ဆိုပါတယ်။ အာရာ့ချီကတော့ အမေရိကန်တွေ ပိတ်ဆို့ထားတာ မဖယ်ပေးသ၍ ဆွေးနွေးဖို့မရှိဘူးလို့ ပါကစ္စတန်က အပြန် အိုမန်ကိုအသွားမှာ ပြောလိုက်ပါတယ်။ သူတို့က နျူအစီအစဥ်ကို မစွန့်လွှတ်လို့ ခုလို စစ်ဝင်တိုက်ရတာ ပိတ်ဆို့ရတာတွေ ဖြစ်လာရတာကို မသိချင်ယောင်ဆောင်ပြီး အရူးလုပ်တာ အရင်လူတွေပဲရမယ်။ သူတို့ တောင်းဆိုတယ်ဆိုတဲ့ အချက်တွေ ကလည်း အရင်အတိုင်းပါပဲ။ ဒီနေ့ ဖုံးထပ်လာရင်Continue reading “Operation Epic Fury (61)”
Operation Epic Fury (60)
အိမ်ဖြူတော်ပြန်ဝန်ကာရိုလိုင်းလီဗစ်က အီရန်ဘက်က စကားပြောချင်တယ်ဆိုတဲ့အတွက် စတိဗ် ဝစ်ကော့ဖ်နဲ့ ဂျာရက်ခရုဇ်နာတို့က မနက်ဖြန် စနေနေ့မှာ အစ္စလာမ်မာဘတ်ကို ထွက်လာဖို့ရှိတယ်လို့ ပြောသွားပါတယ်။ အီရန်က နိုင်ငံခြားရေးဝန်ကြီး အာရောက်ချီက အစ္စလာမ်မာဘတ်ကို ဒီနေ့ ရောက်ရှိလာပြီး နှစ်နိုင်ငံကိစ္စတွေနဲ့ ဒေသတွင်းတိုးတက်မှုတို့ကို ဆွေးနွေးသုံးသပ်ကြမယ်လို့ ဆိုပါတယ်။ ဒီသတင်းမှန်ရင် ဂါလီဘတ်ဖ်ကို ခေါက်ထားလိုက်တာ ဖြစ်နိုင်ခြေရှိသလို ဖြစ်နေပါတယ်။ အာရောက်ချီက ပါကစ္စတန်နဲ့ပဲ ဆွေးနွေးမှာလို့ ပြောတယ်လို့လည်း သတင်းတချို့က ဆိုပေမယ့် ဝစ်ကော့ဗ်နဲ့ ခရုဇ်နာတို့ သွားမယ်ဆိုတဲ့ရက်နဲ့ တိုက်နေပြန်ပါတယ်။ သမ္မတထရမ့်က အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်ရပ်ကာလကို ၃ပတ်တိုးမြှင့်လိုက်တယ်လို့ မနေ့က ကြေငြာသွားပါတယ်။ ဒီကြေငြာချက်က လက်ဘနွန်တောင်ပိုင်းက ဟဇ်ဘိုလာတွေနဲ့ အစ္စရေးကြား ပစ်ခတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီးမှာ ဖြစ်ပါတယ်။ လက်ဘနွန် တောင်ပိုင်းက အစ္စရေးမြောက်ပိုင်းနဲ့Continue reading “Operation Epic Fury (60)”